“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ ၈၅ ရက်အတွင်း တရုတ်-မြန်မာနယ်စပ်ရှိ အထူးကော်ဖီစက်ရုံကို တည်ဆောက်ပြီးစီးကာ စတင်လည်ပတ်ခဲ့

2023-03-13 12:44:32
အရင်းအမြစ်:德宏传媒集团

မတ်လ ၁ ရက်နေ့တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ဖုန်ဖိန်မြို့နယ်ရှိ ယူနန် တယ်ဟုန် လိုက်ဟွေကော်ဖီစေ့ကုမ္ပဏီလီမိတက်၏ စက်ရုံ၌ "အခြောက်နှင့် အစို ခွဲခြားခြင်း" ထုတ်လုပ်မှုလိုင်း နှစ်ခု လည်ပတ်လျက်ရှိပါသည်။ ကော်ဖီစိုက်တောင်သူများသည် လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသော ကော်ဖီစေ့များကို အလိုအလျောက် ရွေးချယ်ထုတ်လုပ်သည့် စက်ကိရိယာများထံ ပေးပို့ကာ ဆေးကြောခြင်း၊ အချဉ်ဖောက်ခြင်းနှင့် အခြောက်လှန်းခြင်းစသည့် လုပ်ငန်းစဥ်များမှတစ်ဆင့် ထုတ်လုပ်မှုလိုင်းနောက်တစ်ခု၌ အခွံခွာခြင်း၊ ရွေးချယ်စစ်ထုတ်ခြင်းနှင့် အဆင့်ခွဲခြားခြင်းစသည့် လုပ်ငန်းစဥ်များကို လုပ်ကိုင်ပြီးနောက် ပရီမီယံ ယူနန်ကော်ဖီစေ့တစ်ထုပ်ကို စက်ရုံမှ ထုတ်လုပ်ခဲ့ပါသည်။

“၂၀၂၃ ခုနှစ် ကော်ဖီထုတ်လုပ်မှု ရာသီသစ်မှာ အချိန်မီ ထုတ်လုပ်ဖို့အတွက် စက်ရုံတည်ဆောက်မှုကနေ လည်ပတ်ထုတ်လုပ်မှုအထိ ၈၅ ရက်ပဲ အချိန်ယူခဲ့ရပါတယ်။ လက်ရှိ နေ့စဉ် ထုတ်လုပ်မှုပမာဏ ၁၅ တန်အထိ ရှိလာပါတယ်”ဟု ယူနန် တယ်ဟုန် လိုက်ဟွေကော်ဖီစေ့ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ ဒိန်ကျီရန်က မိတ်ဆက်ပြောကြားသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် ထောက်ပံ့ရေးကွင်းဆက်တွင် အမြဲတမ်း လုပ်ကိုင်နေကြောင်း၊ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ကော်ဖီစေ့ထုတ်လုပ်မှုစက်ရုံကို တယ်ဟုန်ပြည်နယ်ခွဲ၌ အခြေစိုက်တည်ဆောက်ကာ အနာဂတ်တွင် အထူးကော်ဖီစေ့များ ထုတ်လုပ်ခြင်းနှင့် စံချိန်စံညွှန်းပြည့်မီသော ကော်ဖီစိုက်ပျိုးခြင်းစသည့် ကဏ္ဍများတွင် ၎င်းတို့၏ အားသာချက်များကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်ကြောင်း ၎င်းသည် ဆက်လက် ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)

“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ ၈၅ ရက်အတွင်း တရုတ်-မြန်မာနယ်စပ်ရှိ အထူးကော်ဖီစက်ရုံကို တည်ဆောက်ပြီးစီးကာ စတင်လည်ပတ်ခဲ့