“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ ကလေးများက "ဝေ့စွန်"ကို ကြိုက်နှစ်သက်ကြသည့်အတွက်ကြောင့် ကျွန်တော်က စိတ်အားထက်သန်လာပါသည်

2023-03-13 12:52:14
အရင်းအမြစ်:光明日报

နွေဉီးလေပြေတိုက်ခတ်လာပြီး စက္ကူစွန်များ ဝဲပျံနေကြသည်။ နွေဦးတိုင်းတွင် အမျိုးသားဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စီမံကိန်းဖြစ်သည့်"ဝေ့စွန်"၏ စတုတ္ထမျိုးဆက်အမွေခံသူ ဝေ့ကိုချိုသည် အလုပ်များလျက်ရှိသည်။ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် ဆက်ခံခြင်း လှုပ်ရှားမှုများကို ဆက်တိုက်ပါဝင်ခဲ့သောကြောင့် အသက် ၆၀ ကျော် ရှိပြီဖြစ်သည့် ဝေ့ကိုချိုသည် အနည်းငယ် မောပန်းလျက်ရှိသည်။ "အနည်းငယ် မောပန်းနေပေမယ့်လည်း စိတ်ထဲမှာတော့ အရမ်းပျော်ရွှင်ပီတိဖြစ်မိတယ်။ အဲ့လောက်များတဲ့လူတွေ၊ အထူးသဖြင့် ကလေးတွေက "ဝေ့စွန်"ကို နှစ်သက်ကြတာကို မြင်ရပြီး ကျွန်တော်က စိတ်အားထက်သန်ပါတယ် " ဟု ဝေ့ကိုချိုက ပြောခဲ့ကြောင်း သိရပါသည်။

၁၈၉၂ ခုနှစ်တွင် "ဝေ့စွန်" ၏ စွန်လုပ်ခြင်းလက်မှုအတတ်ပညာကို တည်ထောင်ခဲ့သည်။ ၎င်းသည် ၁၉၁၅ ခုနှစ်တွင် ပနားမားအပြည်ပြည်ဆိုင်ရာပြပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် တရုတ်ပြည်တွင် ထင်ရှားကျော်ကြားသော ရိုးရာ အနုပညာစီမံကိန်း ၇၈ ခုအနက် တစ်ခုအဖြစ် တရုတ်နိုင်ငံအသေးစားစက်မှုဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ယင်းကို ပထမဆုံးအသုတ်အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရပါသည်။

ယခုအခါ အဘွားအို ဝေ့ကိုချိုသည် စာသင်ကျောင်းကို ပုံမှန်သွားလေ့ရှိပြီး ကလေးများအတွက် စွန်နှင့် ပတ်သတ်သည့် အကြောင်းများကို မိတ်ဆက်၍ စွန်များ ပြုလုပ်ပေးသည်။ တစ်ချိန်တည်းတွင် ယဉ်ကျေးမှုတီထွင်ဖန်တီးမှုပစ္စည်းလုပ်ငန်းတွင် တက်ကြွစွာ ပါ၀င်လုပ်ကိုင်လျက်ရှိပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ယဉ်ကျေးမှုတီထွင်ဖန်တီးမှုပစ္စည်းလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရန် တွန်အားပေးပါသည်။ သူသည် စွန်ပြုလုပ်ခြင်းလက်မှုအတတ်ပညာတွင်လည်း အဆက်မပြတ် ဆန်းသစ်တီထွင်နေပြီး မိုးလုံလေလုံကွင်း၌ ဝဲပျံနိုင်သည့် အသေးစားစက္ကူစွန်များကို ပြုလုပ်ကာ ကလေးများနှင့် ဝန်ထမ်းများ၏ နှစ်သက်မှုနှင့် အားပေးမှု ရရှိနေပါသည်။ (ဆောင်းပါးအရင်းအမြစ် - Guangming Daily ။ ဘာသာပြန် - Yunnan gateway)

“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ ကလေးများက "ဝေ့စွန်"ကို ကြိုက်နှစ်သက်ကြသည့်အတွက်ကြောင့် ကျွန်တော်က စိတ်အားထက်သန်လာပါသည်