“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တောင်တစ်တောင် မျိုးဆက်နှစ်ဆက်၊ နှစ်ပေါင်း ၄၀ကျော်ကြာ “မြစိမ်းရောင် ကာကွယ်စောင့်ရှောက်မှု”

2023-03-14 18:09:17
အရင်းအမြစ်:国际在线

အသက်(၆၅)နှစ်အရွယ်ရှိသည့် ဝမ်ရှီကွေ့သည် ယူနန်ပြည်နယ် ချွီကျင့်မြို့ ဟွာမုတောင်သစ်တောကြိုးဝိုင်း၏ သစ်တောကာကွယ်စောင့်ရှောက်သူဖြစ်ပါသည်။ တောင်ထိပ် မျှော်စင်သည် ဝမ်ရှီကွေ့တို့ဇနီးမောင်နှံ၏ တောင်တဲအိမ်ဖြစ်ပါသည်။ ယင်းသစ်တောကြိုးဝိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၂၃၀၀)ကျော် မြင့်ပြီး စုစုပေါင်းအကျယ်အဝန်း (၇၄၀၀)မို ရှိပါသည်။ ဝမ်ရှီကွေ့တို့ဇနီးမောင်နှံ၏တာဝန် သည် သစ်တောကြိုးဝိုင်း၌ တောမီးအခြေအနေကို ကြီးကြပ်စစ်ဆေးပြီး ယင်းသစ်တော ပင်လယ်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၄ နှစ်အတွင်း ဝမ်ရှီကွေ့ ကာကွယ်စောင့်ရှောက်ခဲ့သည့် သစ်တောထဲ၌ မီးလောင်ကျွမ်းမှု တစ်ခါမှ မဖြစ်ပွားခဲ့ပါ၊ ယင်းသည် ဝမ်ရှီကွေ့တို့ဇနီးမောင်နှံ၏ ဂုဏ်ယူစရာ အကောင်းဆုံးသောကိစ္စဖြစ်ပါသည်။

“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တောင်တစ်တောင် မျိုးဆက်နှစ်ဆက်၊ နှစ်ပေါင်း ၄၀ကျော်ကြာ “မြစိမ်းရောင် ကာကွယ်စောင့်ရှောက်မှု”