“အစည်းအဝေးကြီး နှစ်ရပ်” ။ ။“တရုတ် FAST”ကာကွယ်စောင့်ရှောက်ပြီး အလင်းနှစ်များအကွာနေရာကို စူးစမ်းလေ့လာသည့် ကျန်ဖုန်း

2023-03-20 19:07:29
အရင်းအမြစ်:新华社

“တရုတ်နိုင်ငံ၏ အလင်းဝင်ပေါက် အကျယ် မီတာငါးရာ ရေဒီယို တယ်လီစကုတ်မှန်ပြောင်း (Five-hundred-meter Aperture Sphericalradio Telescope,FAST)”(အောက်တွင် “တရုတ် FAST”ဟု အတိုကောက် ခေါ်ဝေါ်ပါသည်) သည် ကွေ့ကျိုးပြည်နယ် ဖိန့်ထန်ခရိုင်တွင် တည်ရှိပြီး လက်ရှိတွင် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အထိလွယ်ဆုံးသော အလင်းဝင်ပေါက် ရေဒီယိုတယ်လီစကုတ်မှန်ပြောင်းဖြစ်သည်။ တရုတ်နိုင်ငံ ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက်ကိုယ်စားလှယ်ကျန်ဖုန်းသည် FAST လည်ပတ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ အမှုဆောင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်ဖြစ်သည်။ သူနှင့်အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကြောင့် "တရုတ် FAST" ပရောဂျက်၏ တည်ဆောက်ရေးနှင့် စမ်းသပ်မှု လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး "တရုတ် FAST"၏ အထွေထွေစွမ်းဆောင်မှုသည်လည်း နိုင်ငံတကာ ထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည်။

အသစ်ရွေးချယ်တင်မြှောက်ထားသော တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်အနေနှင့် နိုင်ငံတကာ အမျိုးတူစက်ကိရိယာပစ္စည်းများတွင် "တရုတ် FAST" ၏ အဓိကယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားကာ "တရုတ် FAST" ၏ စွမ်းဆောင်ရည်ကို ပိုမို တိုးတက်ကောင်းမွန်လာစေရန် အာရုံစိုက်နေကြောင်း ကျန်ဖုန်းက ပြောကြားခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

“အစည်းအဝေးကြီး နှစ်ရပ်” ။ ။“တရုတ် FAST”ကာကွယ်စောင့်ရှောက်ပြီး အလင်းနှစ်များအကွာနေရာကို စူးစမ်းလေ့လာသည့် ကျန်ဖုန်း