ချင်းတောင်မြို့ရှိ လယ်ကွင်းထဲတွင် ငါးနှင့်ဟင်းသီးဟင်းရွက် အတူပေါင်းစပ်ရေးလုပ်ငန်းကို ပြုလုပ်

2023-03-21 18:22:18
အရင်းအမြစ်:国际在线

ငါးနှင့် ဟင်းသီးဟင်းရွက်များ အတူ ရှိကြခြင်းသည် ပေါင်းစပ်သော စိုက်ပျိုးရေး စနစ်သစ်တစ်မျိုး ဖြစ်ပါသည်။ ငါးနှင့် ဟင်းသီးဟင်းရွက်များကို လှည့်ပတ်ပြီး စိုက်ပျိုးမွေးမြူသော ဂေဟထုတ်လုပ်ရေးပုံစံမှတစ်ဆင့် ငါးမွေးမြူရာတွင် ရေပြောင်းရန်မလို၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင်လည်း မြေသြဇာချရန် မလိုသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လာပါသည်။ ယင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်စတာဂျင်ငါး နှစ်သုတ်ကို ရောင်းချပြီးဖြစ်၍ လတ်ဆတ်သောဟင်းသီးဟင်းရွက်များကို မြို့သူမြို့သားများ ကြိုက်နှစ်သက်ကြပါသည်။ ငါးနှင့်ဟင်းသီးဟင်းရွက်များ အတူတူစိုက်ပျိုးမွေးမြူကြခြင်းကို လာရောက်ကြည့်ရှုကြသည့် ခရီးသည်များ တသောသောဆိုက်ရောက်လာကြသောကြောင့် စီးပွားရေးနှင့်လူမှုရေး အကျိုးသက်ရောက်မှုကောင်းများကို ရရှိလာပါသည်။

ချင်းတောင်မြို့ရှိ လယ်ကွင်းထဲတွင် ငါးနှင့်ဟင်းသီးဟင်းရွက် အတူပေါင်းစပ်ရေးလုပ်ငန်းကို ပြုလုပ်