တုန်လှုပ်ဖွယ်ရာ သင်ကြားပို့ချရေးပြင်ဆင်ချက် စာလုံးရေပေါင်း ၄ သန်း လက်နဲ့ ရေးခဲ့သော ဆရာ Cheng Qiming

2023-03-22 20:14:31
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရူပဗေဒ အထူးပြုဆရာ Cheng Qiming သည် အနှစ် ၄၀ အတွင်းတွင် သင်ကြားပို့ချရေးပြင်ဆင်ချက် အုပ်ရေ ၁၀၀ ကျော် စာလုံးရေစုစုပေါင်း ၄ သန်းကို လက်ရေးနဲ့ရေးခဲ့သဖြင့် “ရွေ့လျားနိုင်သော ရူပဗေဒ သင်ကြားပို့ချရေးပြင်ဆင်ချက် ပြတိုက်”ဟု ခေါ်ဝေါ်ကြပါသည်။ ရူပဗေဒကို အနှစ် ၄၀ သင်ကြားပို့ချပြီး အသိပညာ ဗဟုသုတများ ကြွယ်၀သော်လည်း ဆရာ Cheng Qiming သည် သင်ကြားပို့ချရေးပြင်ဆင်ချက်ကို နှစ်စဉ်နှစ်တိုင်း ပြန်လည်ရေးသားပြုစုလျက်ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း သင်ကြားပို့ချမှုပုံစံ၊ နမူနာများနှင့် ပြန်လည်သုံးသပ်ခြင်းများမှာ မတူညီပါ။

ဆရာ Cheng Qiming က ကျောင်းသူကျောင်းသားများသည် တိုးတက်နေကြကြောင်း၊ ဆရာတစ်ယောက်အနေဖြင့် ဗဟုသုတကို အချိန်မီမွမ်းမံပြင်ဆင်ရန် မဟုတ်လျှင် ကျောင်းသူကျောင်းသားများ ရုတ်တစ်ရက်အမေးများဖြေရန် မလွယ်ကြောင်း၊ မိမိ၏ ရည်မှန်းချက်မှာ ကျောင်းသူကျောင်းသားများ မေးသည်ကို အကုန်လုံးဖြေနိုင်သော ဆရာတစ်ယောက် ဖြစ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တုန်လှုပ်ဖွယ်ရာ သင်ကြားပို့ချရေးပြင်ဆင်ချက် စာလုံးရေပေါင်း ၄ သန်း လက်နဲ့ ရေးခဲ့သော ဆရာ Cheng Qiming