ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်"လှုပ်ရှားမှုကို ကူမင်းမြို့တွင် စတင်

2023-03-27 17:49:55
အရင်းအမြစ်:云南日报

မတ်လ ၂၃ ရက်နေ့တွင် ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်"စတင်ခြင်း အခမ်းအနားနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့တွင် ကျင်းပကြောင်း သိရသည်။

ယခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်"ကာလအတွင်းတွင် ယူနန်ပြည်နယ်သည် လှုပ်ရှားမှု ၁၁ ခုကို ကျင်းပကာ တစ်နှစ်ပတ်လုံးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှု ၃၆ ခုကို အဆက်မပြတ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသတွင်းနိုင်ငံများမှ အတူတကွ ညှိနှိုင်း၊ အတူတကွ တည်ဆောက်၊ အတူတကွ မျှဝေသည့် ပထမဆုံးသော ထွန်းသစ်စ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ယန္တရားအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် လွန်ခဲ့သည့် ၇ နှစ်က စတင်ဖော်ဆောင်လာသည်နှင့်အတူ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု၏ ရွှေစံနမူနာတစ်ခု ဖြစ်လာခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဝိုင်းဝန်းဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ ရှေ့တန်းပြည်နယ်တစ်ခုအနေဖြင့် ယူနန်ပြည်နယ်သည် "လန်ချန်း-မဲခေါင် စိတ်ဓာတ်"ကို ကျင့်သုံးပြီး "လန်ချန်း-မဲခေါင် ယဉ်ကျေးမှု"ကို မြှင့်တင်ပေးကာ ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့်အတူ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်"လှုပ်ရှားမှုကို ကူမင်းမြို့တွင် စတင်