တရုတ်ယွမ် ၁၀၀ ဖြင့် ရောင်းချသည့် နွေဦးပေါက် ဖရဲသီးတစ်လုံး၌ မည်သည့် လျှို့ဝှက်ချက်များ ဝှက်ထားသနည်း

2023-03-27 17:55:59
အရင်းအမြစ်:潍坊新闻网、上观新闻

စန်းတုန်းပြည်နယ် ဝေဖုန်မြို့သည် တရုတ်နိုင်ငံ၏ အဆင့်မြင့် စိုက်ပျိုးရေးမြို့ဖြစ်ပြီး စိုက်ပျိုးသူများ၏ ရာသီချိန်ပုံမှန်မဟုတ်သော စိုက်ပျိုးရေးအတွေ့အကြုံ ပေါများကြွယ်ဝသည်။ လွန်ခဲ့သော နှစ် ၂၀ နှစ်က ဒေသခံတောင်သူများသည် ဖရဲသီးများ ရိတ်သိမ်းချိန်ကို နှစ်စဉ် မတ်လနှင့် ဧပြီလအထိ ရှေ့တိုးရန် စိုက်ပျိုးနည်းပညာကို အသုံးပြုခဲ့ကြသည်။

လွန်ခဲ့သော ၂ နှစ်အတွင်းတွင် အဆိုပါဒေသမှ ယွီဝေးကျုံသည် ဒေသထွက် ဖရဲသီးများကို နှစ်လခန့် ရှေ့တိုးပြီး ဇန်နဝါရီလတွင် ဈေးကွက်တင်ရောင်းချနိုင်ခဲ့ပြီး ဖရဲသီးတစ်လုံးကို တရုတ်ယွမ် ၁၀၀ ဖြင့် ရောင်းခဲ့ပါသည်။

ဖရဲသီးသည် အပူချိန်မြင့်တွင် စိုက်ပျိုးရသည့် သီးနှံတစ်မျိုးဖြစ်သည်။ စိုက်ခင်းအတွင်းရှိ အပူချိန်နှင့် အလင်းရောင်ကို ထိန်းညှိနိုင်ခြင်းသည် ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ပါသည်။ တရုတ်နွေဦးပွဲတော်ကာလတွင် ဖရဲသီးများ ဈေးကွက်သို့ ရောက်ရှိရန်အတွက် ဖန်လုံအိမ်အတွင်းရှိ အပူချိန်သည် ၁၈ ဒီဂရီစင်တီဂရိတ်ထက် ပိုမို မြင့်မားရမည်ဟု ယွီဝေးကျုံက သိရှိထားပါသည်။ ဒေသအသီးသီး၌ စူးစမ်းလေ့လာပြီးနောက် သူသည် ပျိုးပင်များကို ပျိုးထောင်ရန်အတွက် စောစီးစွာ ရင့်ကျက်နိုင်သော၊ သကြားပါဝင်မှု မြင့်မားသောနှင့် ကြီးထွားမှုတိုတောင်းသော မျိုးစေ့များကို နောက်ဆုံးတွင် ရွေးချယ်နိုင်ခဲ့ပြီး ဖန်လုံအိမ်များကိုလည်း ပြန်လည်တည်ဆောက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ယွီဝေးကျုံ၏ အဆင့်အတန်းမြင့်သော ဖန်လုံအိမ် ၄ လုံးကို ပထမအသုတ်အဖြစ် တည်ဆောက်ပြီးစီးခဲ့သည်။ စက်တင်ဘာလလယ်တွင် ဖရဲသီးပျိုးပင်များကို စိုက်ပျိုးခဲ့ပြီး လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စိုက်ပျိုးထားသော ဖရဲသီးများသည် ဈေးကွက်တင်ရောင်းချနိုင်ပြီဖြစ်ပါသည်။

စားသုံးသူများအား ယုံကြည်စိတ်ချစွာ စားသုံးနိုင်စေရန်အတွက် ယွီဝေးကျုံသည် ဖရဲသီးတစ်လုံးစီကို ကုဒ်နံပါတ်တပ်ကာ ၎င်းပေါ်တွင် "ID card" ကိုလည်း ထည့်ထားပါသည်။ အရည်အသွေးပြဿနာရှိပါက ယွီဝေးကျုံသည် လျော်ကြေးပေးမည်ဖြစ်ပါသည်။

လက်ရှိတွင် ယွီဝေးကျုံသည် ဝေဖုန်မြို့တွင် ဖရဲသီး ၄၆၆၆.၆၇ ဧကကျော်ကို စိုက်ပျိုးနိုင်ရုံသာမက ဟော်နန်း၊ စန်ရှီး စသည့်ဒေသများတွင် ဧက ၈၀၀၀ ကျော်ကျယ်ဝန်းသည့် ပူးပေါင်းဆောင်ရွက်မှု အခြေစိုက်စိုက်ပျိုးရေးစခန်းကိုလည်း တည်ထောင်ခဲ့ပါသည်။ တစ်နှစ်အတွင်းတွင် ဖရဲသီးရောင်းရငွေမှာ တရုတ်ယွမ်သန်း ၂၀ ကျော်အထိ ရှိလာခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - Shanghai Observer,www.wfnews.com.cn။ ဘာသာပြန် - Yunnan gateway)

တရုတ်ယွမ် ၁၀၀ ဖြင့် ရောင်းချသည့် နွေဦးပေါက် ဖရဲသီးတစ်လုံး၌ မည်သည့် လျှို့ဝှက်ချက်များ ဝှက်ထားသနည်း