ဒရုန်းအသုံးပြုမှုအသစ် - ငှက်ပျောသီးများ သယ်ယူပို့ဆောင်ခြင်း

2023-03-28 18:02:11
အရင်းအမြစ်:元阳县融媒体中心

လက်ရှိတွင် ငှက်ပျောသီးများ ဆွတ်ခူးသည့်ရာသီဖြစ်ပါသည်။ ယူနန်ပြည်နယ် ဟုန်ဟော်ပြည်နယ်ခွဲ ယွမ်ရန်ခရိုင်ရှိ ငှက်ပျောခြံတစ်ခုအတွင်း၌ အထောက်အကူအသစ်တစ်ဦးဖြစ်သည့် ဒရုန်းသည် ယခုနှစ်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းဒရုန်းကို ဓာတ်ပုံရိုက်ကူးရန်အတွက် အသုံးပြုခြင်းမဟုတ်ဘဲ ငှက်ပျောသီးများ သယ်ယူပို့ဆောင်ရန်အတွက် ဖြစ်ပါသည်။ ယွမ်ရန်ခရိုင် လျူကျယ့်ကျိုက်မြို့နယ်ရှိ ငှက်ပျောခြံတွင် ဒေသခံစိုက်ပျိုးသူများသည် ယခုနှစ်တွင် ဒရုန်းများကို အသုံးပြုလာကြသည်။ သယ်ဆောင်ခြင်း၊ ကုန်တင်ခြင်း၊ ကုန်ချခြင်း စသဖြင့် ကီလိုဂရမ် ၅၀ ခန့် အလေးချိန်ရှိသော ငှက်ပျောသီးများကို စိုက်ပျိုးရေးသုံး ဒရုန်းများဖြင့် အလွယ်တကူ သယ်ပို့နိုင်ခဲ့သည်။

"ဒီဒရုန်းဟာ တောင်တန်းဒေသတွေမှာ အသုံးပြုဖို့ အသင့်တော်ဆုံးပါ။ ဆေးဖြန်းပေးနိုင်တယ်၊ ပစ္စည်းတွေကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ လူကိုယ်တိုင် သယ်ဖို့ မလိုတော့ဘူး။ အထူးသဖြင့် လူ့အလုပ်အင်အား သက်သာစေနိုင်ပါတယ်" ဟု ယွမ်ရန်ခရိုင် ရှင်ကျယ်မြို့နယ်မှ ငှက်ပျောစိုက်ပျိုးသူ လုံးယွီလင်းက ပြောဆိုပါသည်။

ယွမ်ရန်ခရိုင်၏ စိုက်ပျိုးရေးမြေသည် တောင်တန်းဒေသများကို လွှမ်းခြုံထားသည်။ ယခင်က ငှက်ပျောသီးကို လူကိုယ်တိုင် သို့မဟုတ် မြင်းများဖြင့် သယ်ပို့ခဲ့ရသည်။ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမားသည်။ စိုက်ပျိုးရေးသုံး ဒရုန်းများကို အသုံးပြုပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် ၆၀ % မှ ၈၀ % ခန့် သက်သာစေမည်ဟု ခန့်မှန်းထားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယွမ်ရန်ခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

ဒရုန်းအသုံးပြုမှုအသစ် - ငှက်ပျောသီးများ သယ်ယူပို့ဆောင်ခြင်း