တရုတ်-မြန်မာ နှစ်နိုင်ငံမှ လူငယ်များက ဤကြွယ်ဝသော ယဉ်ကျေးမှု စာသင်ခန်းကို အလွန်နှစ်သက်ကြသည်

2023-03-30 17:56:09
အရင်းအမြစ်:瑞丽市融媒体中心

“မြန်မာနိုင်ငံဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သာယာလှပတဲ့ ရှုခင်းအလှတရားတွေ ရှိသလို ပေါများကြွယ်ဝတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ နက်ရှိုင်းတဲ့ တိုင်းရင်းသားဓလေ့ထုံးစံတွေ ပိုင်ဆိုင်ထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ တောတောင်ရေမြေ ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းပါတယ်။”မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရွှေလီမြို့ လုံးမောကန်ဥယျာဥ်ရှိ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်တွင် ယဉ်ကျေးမှု စာသင်ခန်းကို စတင်ခဲ့ပါသည်။

မြန်မာ့ယဉ်ကျေးမှုသမိုင်းကို အတူတကွ လေ့လာရန်နှင့် နေ့စဥ်သုံးမြန်မာစကားပြော သင်ယူရန် ရွှေလီမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ညွှန်ကြားရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက တရုတ်-မြန်မာ နှစ်နိုင်ငံမှ လူငယ်စာဖတ်ပရိသတ်များအား ဦးဆောင်ခဲ့သည်။

“မြန်မာနိုင်ငံမှာ ခရီးသွားရှုခင်းသာနေရာတွေ အများကြီးရှိသလား။ မြန်မာမှာ ဘာထူးခြားတဲ့ အစားအစာတွေ ရှိသလဲ…” လူငယ်စာဖတ်ပရိသတ်များသည် အဆိုပါမေးခွန်းများကို မေးမြန်းကြပါသည်။ ယင်းတာဝန်ရှိသူသည် စိတ်ရှည်လက်ရှည် ပြန်ဖြေပါသည်။

"မင်္ဂလာပါ၊ ဆရာမ။" မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအကြောင်း လေ့လာပြီးနောက် ၎င်းတာဝန်ရှိသူသည် နေ့စဥ်သုံးမြန်မာစကားပြောအချို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။

တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်သည် တရုတ်-မြန်မာ နှစ်နိုင်ငံမှ စာဖတ်ပရိသတ်များကို ဝန်ဆောင်ပေးသည့် ယူနန်ပြည်နယ်ရှိ ပထမဆုံး စာကြည့်တိုက်ဖြစ်သည်။ အဆိုပါ စာကြည့်တိုက်သည် ရွှေလီမြို့၏ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို စနေနေ့တိုင်း ကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်တွင် အဆိုပါလှုပ်ရှားမှုကို ၆ ကြိမ်မြောက် ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ လူငယ်စာဖတ်ပရိသတ် ၉၈ ဦးတို့သည် ၎င်းလှုပ်ရှားမှုတွင် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နှစ်နိုင်ငံမှ လူငယ်များက ဤကြွယ်ဝသော ယဉ်ကျေးမှု စာသင်ခန်းကို အလွန်နှစ်သက်ကြသည်