Special Yunnan Lifestyle | ကမ္ဘာကြီးသို့ မွန်ကျီးတံတားကူးမြီးရှည်ကို မျှဝေ

2023-03-30 17:58:43
အရင်းအမြစ်:新华社

မတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတကာ(တံတားကူးမြီးရှည်) စားကောင်းသောက်ဖွယ် နာမည်ကျော်ကျားမြို့တော်- မွန်ကျီးတံတားကူးမြီးရှည်ပွဲတော်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် မွန်ကျီးမြို့၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

ယခုအကြိမ် တံတားကူးမြီးရှည်ပွဲတော်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲ၊ အထူးအစားအစာ မြည်းစမ်းသုံးဆောင်ပွဲနှင့် ယဉ်ကျေးမှုပြပွဲစသည့် လှုပ်ရှားမှုများ ကျင်းပခြင်းမှတစ်ဆင့် မွန်ကျီး“သမိုင်းနှစ်ပေါင်းတစ်ရာရှိ တံတားကူးမြီးရှည်”ဟူသော ယဥ်ကျေးမှုအမှတ်တံဆိပ်ကို တောက်ပလာစေပါသည်။ မွန်ကျီးတံတားကူးမြီးရှည်လုပ်ငန်း၏ ကျော်ကြားမှုနှင့် နာမည်ဂုဏ်သတင်းကို ပိုမို မြှင့်တင်ပေးပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းပေါ်၌ မွန်ကျီးတံတားကူးမြီးရှည်ကို စတင်လှမ်းချီနိုင်ရန် အထောက်အကူပြုပေးပါသည်။

လက်ရှိအချိန်တွင် မွန်ကျီးမြို့၌ မြီးရှည်စီးပွားရေးလုပ်ငန်းအဖွဲ့ ၂၀၀၀ ကျော်ရှိပြီး လုပ်ငန်းလုပ်ကိုင်သူ ၂၀၀၀၀ ကျော်ရှိကြောင်း၊ နှစ်စဉ်လည်ပတ်ငွေ တရုတ်ယွမ် ၉၈၆ သန်းရှိကြောင်း သိရပါသည်။ မွန်ကျီးတံတားကူးမြီးရှည်၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန်နှင့် တံတားကူးမြီးရှည်လုပ်ငန်းကို နိုင်ငံတကာသို့ တိုးချဲ့ဖော်ဆောင်ရန် တွန်းအားပေးနိုင်သည့်အတွက်လည်းကောင်း၊ တံတားကူးမြီးရှည်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရာတွင် ကြုံတွေ့နေသည့် အရည်အချင်းပြည့်မီသော လူတော်လူချွန် နည်းပါးသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် လည်းကောင်း မွန်ကျီးဒေသအစိုးရသည် နိုင်ငံတကာ တံတားကူးမြီးရှည်လုပ်ငန်းကောလိပ်ကို ဒေသတွင်း တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ တည်ဆောက်ကြပါသည်။

မွန်ကျီး တံတားကူးမြီးရှည်အား "တရုတ်နိုင်ငံ၏ နာမည်ကျော်အစားအစာ"ဟု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး "မွန်ကျီးတံတားကူးမြီးရှည် ချက်ပြုတ်ခြင်းအတတ်ပညာ"ကိုလည်း တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် မွန်ကျီးမြို့သည် "နိုင်ငံတကာ(တံတားကူးမြီးရှည်) စားကောင်းသောက်ဖွယ် နာမည်ကျော်ကျားမြို့တော်" ဟူသော ဂုဏ်အမည်ဖြင့် ချီးမြှင့်ခဲ့ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | ကမ္ဘာကြီးသို့ မွန်ကျီးတံတားကူးမြီးရှည်ကို မျှဝေ