ယူနန်ပြည်နယ် လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

2023-03-31 20:25:56
အရင်းအမြစ်:临沧市融媒体中心

မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ကုမ္ပဏီ၊ လုပ်ငန်းအဖွဲ့နှင့် စီးပွားရေးအသင်း ၅၀ ကျော်မှ တာဝန်ရှိသူများသည် အဆိုပါမိတ်ဆက်ပွဲကို ပါဝင်တက်ရောက်ကြောင်း သိရပါသည်။

လင်ချန်းသည် ကိုယ်ပိုင်အားသာချက်များကို အသုံးချ၍ မြန်မာနိုင်ငံနှင့် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုကို အင်အားစုစည်း၍ မြှင့်တင်လျက်ရှိကြောင်း၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည် ကြီးမားကြောင်း၊ တက်ရောက်လာကြသော လုပ်ငန်းရှင်များအား လင်ချန်းသို့ လာရောက်လေ့လာရန်၊ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း လင်ချန်းမြို့မှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။

မိတ်ဆက်ပွဲတွင် လင်ချန်းမြို့၏ သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံသို့ လင်ချန်းမြို့၏ တံခါးဖွင့်လှစ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းမြို့ နိုင်ငံခြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

ယူနန်ပြည်နယ် လင်ချန်းမြို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မိတ်ဆက်ပွဲ ရန်ကုန်မြို့၌ ကျင်းပ