Special Yunnan Lifestyle | ယူနန်ပြည်နယ်၏ လတ်ဆတ်ပန်းမန်များ အဆက်မပြတ် အရောင်းသွက်လျက်ရှိ

2023-03-31 20:32:02
အရင်းအမြစ်:新华网

ဇန်နဝါရီလမှ ယခုအထိ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ ပန်းမန်များလေလံတင်ကုန်သွယ်ရေးစင်တာ (အောက်တွင် “ကူမင်းပန်းမန်လေလံစင်တာ”ဟု အတိုကောက်ခေါ်ဝေါ်ပါသည်)၏ ဈေးနှုန်းအညွှန်းကိန်းသည် အဆက်မပြတ် မြင့်တက်လာပြီး စုစုပေါင်းကုန်စည်ထောက်ပံ့မှုပမာဏမှာ ပန်းပွင့်ပေါင်း သန်း ၂၀၀ နီးပါးရှိကာ ယမန်နှစ်အလားတူကာလထက် ၁၀ % ခန့် တိုးမြှင့်လာကြောင်း သိရပါသည်။

ယခုနှစ် အမျိုးသမီးများနေ့တွင် ကူမင်းပန်းမန်လေလံစင်တာ၌ ပန်းမန်တစ်ပွင့်၏ ပျမ်းမျှနေ့စဉ်စျေးနှုန်းသည် ၄.၅၄ ယွမ်ရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလထက် ၂၅% မြင့်တက်လာကြောင်း၊ အဝယ်တော်များ မှတ်ပုံတင်စာရင်းပမာဏသည် အလားတူကာလထက် ၁၆% တိုးလာပြီး ထောက်ပံ့ရေးကုန်သည်အခြေစိုက်စခန်း၏ ပမာဏမှာ အလားတူကာလထက် ၅% တိုးများလာကြောင်း သိရပါသည်။

စျေးကွက်ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ မျိုးစုံသောရောင်းချရေးလမ်းကြောင်း၏ ဘက်ပေါင်းစုံမှ အားထုတ်မှုကြောင့် ပထမသုံးလပိုင်းအတွင်းတွင် မြင့်မားသည့် စျေးနှုန်းတွင် ရပ်တည်သည့်အခြေအနေ ဖြစ်ပေါ်လာကြောင်း ကူမင်းပန်းမန်လေလံစင်တာ၏ ‌လေလံ‌ဌာနမှ ဒုတိယဌာနမှူး လီကျီချွမ်က ပြောပြပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဉ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | ယူနန်ပြည်နယ်၏ လတ်ဆတ်ပန်းမန်များ အဆက်မပြတ် အရောင်းသွက်လျက်ရှိ