Special Yunnan Lifestyle | ထိုင်းနိုင်ငံထွက် လတ်ဆတ်သော ဒူးရင်းသီးများသည် ဟော်ခိုနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့

2023-03-31 20:37:39
အရင်းအမြစ်:云南日报

မတ် ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံထွက် လတ်ဆတ်သော ဒူးရင်းသီး ၁၂ တန် တင်ဆောင်လာသည့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟော် ဟာနီနှင့်ယီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဟော်ခိုနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ခဲ့ရာ ဟော်ခိုနယ်စပ်ဂိတ်သည် တရုတ်-ထိုင်း သစ်သီးဝလံများ တင်သွင်းတင်ပို့သည့် နယ်စပ်ဂိတ်ဖြစ်လာပြီးနောက်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပထမဆုံးအသုတ် သစ်သီးဝလံဖြစ်ကြောင်း သိရပါသည်။

အဆိုပါ တင်သွင်းလာသော ဒူးရင်းသီးအမျိုးအစားများမှာ Puang Manee နှင့် Chanee ဒူးရင်းသီးများဖြစ်ပြီး ကုန်တန်ဖိုးမှာ ယွမ် ၄၆၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ဟော်ခိုနယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းပြီးနောက် စျေးကွက်သို့ အလျင်အမြန် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | ထိုင်းနိုင်ငံထွက် လတ်ဆတ်သော ဒူးရင်းသီးများသည် ဟော်ခိုနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့