အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် ဖလှယ်မှုကို တရုတ်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်
ယခုလ ၂၉ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောနင်သည် Tsai Ing-wen၏ အမေရိကန်သို့ ဖြတ်ကျော်ကာ တရားမဝင်လှည့်လည်ရန် ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်ဘက်၏ ရပ်တည်ချက်ကိုဖော်ပြပြီး တရုတ်နိုင်ငံ အလွန်အကျွံတုံ့ပြန်သည်ဟု အမေရိကန်၏ ပြောဆိုချက်ကို ပြန်လည်ချေပခဲ့သည်။
မောနင်က တရုတ်နိုင်ငံသည် အမေရိကန်နှင့် ထိုင်ဝမ်အကြား မည်သည့် နည်းလမ်းဖြင့် မဆို တရားဝင် ဖလှယ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ထိုင်ဝမ်အာဏာပိုင် ခေါင်းဆောင်များမှ မည်သည့် အမည်နှင့် အကြောင်းပြချက်ဖြင့် မဆို အမေရိကန်သို့ ခရီးလှည့်လည်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန်မှ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို ချိုးဖောက်ပြီး မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်အာဏာပိုင်နှင့် ထိတွေ့ဆက်ဆံခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။