ဝမ်ယိသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

2023-04-03 18:35:42
အရင်းအမြစ်:国际在线

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီဗဟိုကော်မတီ နိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ယခုလ ၂ ရက်နေ့က ဘေကျင်းမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာစာ ဟာယာရှီနှင့် တွေ့ဆုံခဲ့ပါသည်။

ဝမ်ယိက မျက်မှောက်အချိန်တွင် တရုတ်နှင့် ဂျပန် ဆက်ဆံမှုကို ခြုံပြီးကြည့်လျှင် တည်ငြိမ်ပါကြောင်း၊ သို့သော် မကြာခဏ ဆိုသလို မသင့်မြတ်သောအသံနှင့် နှောင့်ယှက် မှုများလည်း ပေါ်ထွက်နေခဲ့ကြောင်း၊ အရင်းခံ အကြောင်းရင်းမှာ ဂျပန် ပြည်တွင်း မှ အင်အားစု အချို့သည် အမေရိကန်၏ တရုတ်ပြည်အပေါ် မှားယွင်းသော မူဝါဒများ နောက်ကို တမင်လိုက်ပြီး တရုတ်ပြည်၏ အဓိကကျသော အကျိုးစီးပွား ရေးရာ အပေါ် အမေရိကန်၏ သရုပ်ဖျက် ဆောင်ရွက်မှုများကို လိုက်ပါ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် မဟာဗျူဟာအရ အမြှော်အမြင် ကင်းမဲ့ပြီး နိုင်ငံရေးအရ မှားယွင်းကာ သံတမန်ရေးအရ ဆင်ခြင်မှု မရှိကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံတို့၏ “အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ရေးနှင့် တစ်ဦးက တစ်ဦးအား ခြိမ်းခြောက်မှု မပြုရေး” ဟူသော အရေးကြီး သဘောတူညီချက်များကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်ရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စွာ တိုးတက်လာဖို့ အတူ ကြိုးပမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ