လူသားကံကြမ္မာတူ အသိုက်အဝန်း ၁၀ နှစ်တာ လက်တွေ့ဖော်ဆောင်မှု ပေါင်းရုံးသုံးသပ်ရေး အစီရင်ခံစာ ထုတ်ပြန်

2023-04-04 18:05:26
အရင်းအမြစ်:国际在线

ယခုနှစ်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လူသားကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်ကို အဆိုပြုခဲ့ခြင်း ၁၀ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ဧပြီလ ၄ ရက်နေ့တွင် တရုတ် ပြည်သူ့တက္ကသိုလ် ချုံယန် ငွေရေးကြေးရေး သုတေသနဌာနသည် ဘေကျင်း၌ “လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်း ၁၀ နှစ်ပြည့်မြောက်၊ အတွေးအခေါ် နက်ရှိုင်းလာခြင်း၊ လက်တွေ့ဖော်ဆောင်မှုများ တိုးတက်ခြင်းနှင့် အနာဂတ်ရေးရာများ မျှော်မှန်းခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန် ခဲ့ပါသည်။ ယင်းသည် မျက်မှောက်အချိန်တွင် ပြည်တွင်းပြည်ပမှ တတ်သိပညာရှင်အဖွဲ့များ အနက် ပထမဦးဆုံးသော လူသားကံကြမ္မာတူ အသိုက်အဝန်း၏ ၁၀ နှစ်တာ လက်တွေ့ ဖော်ဆောင်မှု တိုးတက်ရေး အကြောင်းကို ပေါင်းရုံးသုံးသပ်ထားသော တတ်သိ ပညာရှင် အဖွဲ့ အစီရင်ခံစာပင် ဖြစ်ပါသည်။

အစီရင်ခံစာတွင် လူသားကံကြမ္မာတူ အသိုက်အဝန်း အတွေးအခေါ်သည် ရှီကျင့်ဖိန်၏ သံတမန်ရေး အတွေးအခေါ်၌ သဘောတရားနှင့် လက်တွေ့ ဖော်ဆောင်ရေးဆိုင်ရာ အနှစ်သာရ ကျရာ ဖြစ်ကြောင်း၊ နိုင်ငံတကာ စည်းစနစ်ဆိုင်ရာ အမြင်ကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး ဤသို့ဖြင့် ဖွဲ့စည်းတည်ထောင်လာသော တရုတ်နိုင်ငံ၏ “ကမ္ဘာ့အိပ်မက်” လည်း ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် လူသားကံကြမ္မာတူ အသိုက်အဝန်းသည် ကမ္ဘာပေါ်တွင် မတူခြားနားသော ယဉ်ကျေးမှုများ ယှဉ်တွဲနေထိုင်ရေးဆိုင်ရာ အသွင်ပုံစံသစ်၊ ကမ္ဘာလုံး စီမံခန့်ခွဲရေးဆိုင်ရာ အတွေးအခေါ် လမ်းကြောင်းသစ်၊ နိုင်ငံတကာ ကူးလူးဆက်ဆံရေး ဆိုင်ရာ အတွေးအခေါ်သစ်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၏ စီမံကိန်းသစ် ဖြစ်သည့်အပြင် တရုတ်ဉာဏ်ပညာ၏ အကျိုးပြု စွမ်းဆောင်မှုသစ်လည်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လူသားကံကြမ္မာတူ အသိုက်အဝန်း ၁၀ နှစ်တာ လက်တွေ့ဖော်ဆောင်မှု ပေါင်းရုံးသုံးသပ်ရေး အစီရင်ခံစာ ထုတ်ပြန်