၁၉ နှစ်အတွင်းဈေးမတက်သည့် ၃ ယွမ် ဆံပင်ညှပ်ဆိုင်

2023-04-04 18:07:21
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံဟူနန်ပြည်နယ် ချန်ရှားမြို့ ရှန်းကျန်းမြို့နယ်သစ်ရှိရပ်ကွက်တစ်ခုရဲ့ ကားဂိုဒေါင်မှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရှိပါတယ်။ ပိုင်ရှင်ကဆံပင်ညှပ်ခ ၃ ယွမ်ကိုဈေးမတက်ဘဲ၁၉နှစ်တိုင်တိုင်စွဲကိုင်ထားပြီးဒီကတိတစ်ခုကိုတစ်သက်လုံးလိုက်နာရမယ်ဆိုတဲ့စာကိုလည်းနံရံမှာကပ်ထားပါတယ်။ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ဟာဒီနှစ်မှာအသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ထန်ကျင်းလျန် ဖြစ်ပြီးသူရဲ့ ဖောက်သည်အများစုမှာအနီးနားရှိသက်ကြီးရွယ်အိုများဖြစ်ပါတယ်။

ထန်ကျင်းလျန်ရဲ့ သမီးကအသက် ၃ နှစ်အရွယ်မှာ ကံမကောင်းစွာဖြင့် ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး သူတို့ဟာ လူများစွာရဲ့ အကူအညီနှင့် ကြင်နာမှုများကို ရရှိခဲ့ပါတယ်။ ထိုကြင်နာမှုများကို ပြန်ဆပ်ရန်အတွက် ထန်ကျင်းလျန်ကဆံပင်ညှပ်ပညာကိုတမင်တကာသွားသင်ပြီးကိုယ့်ဝန်ဆောင်မှုဖြင့် ချစ်ခြင်းမေတ္တာကိုပြန်လည်ဖော်ပြနိုင်ရန် မျှော်လင့်ခဲ့တယ်။ အချို့သောသက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသက်ကြီးရွယ်အိုများနှင့်အခက်အခဲရှိသောအခြားအရပ်သူအရပ်သားများအတွက် ထန်ကျင်းလျန်က အိမ်တိုင်ရာရောက်ဝန်ဆောင်မှု ပေးပြီး ငွေမသွင်းရန် တောင်းဆိုထားပါတယ်။ သူမရဲ့အပြုအမူဟာ အခြားသူများရဲ့ လူထုကောင်းစားရေးလုပ်ငန်းများကို အသိအမှတ်ပြုရန်လည်း လှုံ့ဆော်ပေးခဲ့ပါတယ်။ သူနေထိုင်တဲ့ ရပ်ကွက်မှာ မှတ်ပုံတင်ထားတဲ့ စေတနာ့ဝန်ထမ်း ၅၀၀ ကျော်ရှိတယ်။ ၎င်းတို့ကအမှိုက်ခွဲခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အခမဲ့ ဆေးကုသပေးခြင်းစတဲ့ စေတနာ့ဝန်ထမ်းများလှုပ်ရှားမှုကို မကြာခဏ လုပ်ဆောင်ပေးကြတယ်။ အရပ်သူအရပ်သားတစ်ချို့က ကိုယ့်အားသာချက်ကိုအသုံးပြုပြီးထီးပြုပြင်ခြင်းနှင့် ဓားသွေးခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ပေးကြပါတယ်။

၁၉ နှစ်အတွင်းဈေးမတက်သည့် ၃ ယွမ် ဆံပင်ညှပ်ဆိုင်