တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ Tesla က စွမ်းအင်သိုလှောင်သည့် အကြီးစားစက်ရုံ တည်ဆောက်မည်

2023-04-12 17:26:50
အရင်းအမြစ်:新华社

အမေရိကန် ကားထုတ်လုပ်သူ Tesla Inc. က ရှန်ဟိုင်းမြို့၌ အကြီးစားစက်ရုံသစ်တစ်ရုံအား တည်ဆောက်သွားမည် ဖြစ်ပြီး ကုမ္ပဏီ၏ စွမ်းအင်သိုလှောင်သည့် ထုတ်ကုန် Megapack အား ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ဧပြီ ၉ ရက်တွင် ကြေညာခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ စီမံကိန်း လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ စက်ရုံသစ်အား ယခုနှစ်တတိယသုံးလပတ်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ထုတ်လုပ်မှု စတင်မည် ဖြစ်ကြောင်း Tesla က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ Tesla က စွမ်းအင်သိုလှောင်သည့် အကြီးစားစက်ရုံ တည်ဆောက်မည်