ရှာမိန်တက္ကသိုလ် သုတေသနအဖွဲ့သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လေ့လာ
တရုတ်နိုင်ငံ ရှာမိန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးကောလိပ် (Xiamen University’s School of International Relations/Research School for Southeast Asian Studies )၏ “အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် the Belt and Road’သုတေသနအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ယခုရက်ပိုင်းတွင် သွားရောက် လည်ပတ်လေ့လာခဲ့ကြောင်း သိရပါသည်။
အဆိုပါသုတေသနအဖွဲ့သည် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန၊ မြန်မာနိုင်ငံ အခြေစိုက် တရုတ်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံ သတင်းအချက်အလက်များ စီမံအုပ်ချုပ်မှုစင်တာ (MIMU)နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်အဖွဲ့တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ယခုအကြိမ် ဖလှယ်ရေးမှ နှစ်နိုင်ငံ သုတေသနအသိုက်အဝန်း တည်ဆောက်ရေးစသည့် နယ်ပယ်ကို တွန်းအားပေးဆောင်ရွက်ရန် သဘောတူညီချက်များရရှိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ကျယ်ပြန့်သော သဘောတူညီချက်များ ရရှိသည့် အခြေခံပေါ်တွင် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန်နှင့် အပြန်အလှန် ဖလှယ်ရေးလှုပ်ရှားမှုများနှင့် ဖိုရမ်စသည့် အစီအစဥ်များ ပြုလုပ်ခြင်း မြှင့်တင်ရန် သဘောတူကြကြောင်း အဆိုပါသုတေသနအဖွဲ့မှ တာဝန်ရှိသူထံက သိရှိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - Xiamen University’s School of International Relations/Research School for Southeast Asian Studies။ ဘာသာပြန် - Yunnan gateway)