ဂျပန်အစိုးရအား စစ်ဘက်ဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ဆင်ခြင်စွာ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အလေးအနက်တိုက်တွန်း

2023-04-14 17:50:09
အရင်းအမြစ်:国际在线

ဂျပန်နိုင်ငံသည် ဒုံးကျည်တပ်ဖွဲ့သစ် ဖွဲ့စည်းတည်ထောင်ရန် စီစဉ်နေခြင်းဟူသော မီဒီယာများ၏ ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် အခြေအနေကို မျက်ခြေမပြတ် အာရုံစိုက်မည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရအား ကျူးကျော်မှုသမိုင်းကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ပြီး အာရှတိုက်အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာဂရုစိုက်မှုကို ထိရောက်တိကျစွာ လေးစားကာ စစ်ဘက်ဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ဆင်ခြင်စွာ လုပ်ဆောင်ရန် အလေးအနက် တိုက်တွန်းခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လွန်ခဲ့သည့်နှစ်များတွင် ဂျပန်နိုင်ငံသည် “တရုတ်ပြည်မှ ခြိမ်းခြောက်မှု” ပြောဆိုချက်ကို ထပ်ခါတလဲလဲ သတင်းဖြန့်ပြီး ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေနှင့် “ကာကွယ်ရန်သာ လုပ်ဆောင်ခြင်း” ကတိပြုချက်ကို အဆက်မပြတ် ချိုးဖောက်ကြောင်း၊ ကာကွယ်ရေးအသုံးစရိတ်များစွာ တိုးများလာပြီး ထိုးစစ်ဆင်ရေးလက်နက်များကို ဖွံ့ဖြိုးတိုးတက်စေကာ စစ်အင်အား အဆက်မပြတ် တိုးချဲ့လာကြောင်း၊ ယင်းမှာ စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်ကို ပြောင်းလဲစေရန် ကြိုးစားနေသည်ဟူသော ဂျပန်နိုင်ငံမှ ဒေသတွင်း နိုင်ငံများကိုရော ကမ္ဘာ့ကိုပါ အန္တရာယ်ရှိသော အချက်ပြလိုက်ခြင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ယင်းကို အထူးသတိထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်အစိုးရအား စစ်ဘက်ဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ဆင်ခြင်စွာ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အလေးအနက်တိုက်တွန်း