ဘေကျင်းအလုပ်သမားအားကစားကွင်း မွန်းမံပြုပြင် ပြီးစီး

2023-04-17 17:45:59
အရင်းအမြစ်:国际在线

ဘေကျင်းအလုပ်သမားသမဂ္ဂချုပ်နှင့် CMG တို့ ပူးပေါင်းပြုလုပ်သည့် "မင်္ဂလာပါ၊ အလုပ်သမားအားကစားကွင်းသစ်" စီးရီးလှုပ်ရှားမှုများကို ဧပြီလ ၁၅ ရက်နေ့က ဘေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ ၂ နှစ်ကျော်ကြာ ပြန်လည်မွန်းမံပြုပြင်တည်ဆောက်ပြီးနောက် ဘေကျင်း အလုပ်သမား အားကစားကွင်းသစ်ကို ၁၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ်မှ ယနေ့အထိ ဘေကျင်းအလုပ်သမားအားကစားကွင်းသည် အကြီးစား အားကစားပွဲများစွာကို ကျင်းပခဲ့ပြီး တရုတ်ပြည်၏ အားကစားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုကို ပြသပေးပါသည်။

ဘေကျင်းအလုပ်သမားအားကစားကွင်း မွန်းမံပြုပြင် ပြီးစီး