ကွမ်ကျိုးကုန်စည်ပြပွဲတွင် ထုတ်ကုန်အသစ် များစွာ ခင်းကျင်းပြသ

2023-04-19 18:04:04
အရင်းအမြစ်:国际在线

ယခုကျင်းပနေဆဲ ကွမ်ကျိုး ကုန်စည်ပြပွဲတွင် အဆင့်မြင့် သိပ္ပံနည်းပညာ၊ မြစိမ်းရောင်နှင့် စမတ် ကုန်ပစ္စည်း များစွာကို ခင်းကျင်းပြသထားပါသည်။ ယင်းတို့အနက် မောင်းသူမဲ့ တက္ကစီ၊ ကုန်တင်ယာဉ်၊ မီနီဘတ်စ်နှင့် သန့်ရှင်းရေးယာဉ်များ ပါဝင်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို စမ်းသပ်မောင်းနှင်ရန် ဆွဲဆောင်ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် စက်မှုကုန်ထုတ်လုပ်ငန်း၊ အီလက်ထရွန်နစ် အိမ်သုံးပစ္စည်းများ၊ ဖက်ရှင်ကျ နေထိုင်မှုဘဝ အပါအဝင် နယ်ပယ်များ ပါဝင်ပြီး အွန်လိုင်းနှင့် အော့ဖ်လိုင်း ထုတ်ကုန်အသစ် မိတ်ဆက်ပွဲ ၃၀၀ ကျော်ကို ကျင်းပမည်ဖြစ်ပါသည်။

ကွမ်ကျိုးကုန်စည်ပြပွဲတွင် ထုတ်ကုန်အသစ် များစွာ ခင်းကျင်းပြသ