ပဉ္စမအကြိမ်မြောက် တရုတ်-စင်္ကာပူ ဘဏ္ဍာရေးထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့နှင့် စင်္ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပ

2023-04-23 19:54:36
အရင်းအမြစ်:云南日报

ဧပြီလ ၂၀ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် တရုတ်-စင်္ကာပူ ဘဏ္ဍာရေးထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို “ဘဏ္ဍာရေးအချက်အချာစင်တာ၏ တာဝန်၊ ဘဏ္ဍာရေး တံခါးဖွင့်မှု ခွန်အားအသစ်”ဟူသော အဓိကခေါင်းစဥ်ဖြင့် တရုတ်နိုင်ငံ ချုံချင့်မြို့နှင့် စင်္ကာပူနိုင်ငံ၌ တစ်ပြိုင်နက်ကျင်းပကြောင်း သိရပါသည်။

ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် ပြည်တွင်းပြည်ပ ငွေရေးကြေးရေးအဖွဲ့အစည်းများ အခြေစိုက်တည်ထောင်ခြင်းနှင့် စိမ်းလန်းသောဘဏ္ဍာရေး၊ ဘဏ္ဍာရေးနည်းပညာ၊ လမ်းကြောင်းဘဏ္ဍာရေးနှင့် နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယွမ်ငွေ ၁၁၁ ဘီလီယံရှိ စုစုပေါင်း စီမံကိန်း ၉၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

ပဉ္စမအကြိမ်မြောက် တရုတ်-စင်္ကာပူ ဘဏ္ဍာရေးထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့နှင့် စင်္ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပ