တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၂.၆၄ သန်းကျော်ရှိ

2023-04-24 13:30:04
အရင်းအမြစ်:新华社

တရုတ်နိုင်ငံရှိ 5G အခြေစိုက်စခန်း အရေအတွက်သည် ယခုနှစ် မတ်လကုန်တွင် ၂.၆၄ သန်းကျော်ရှိပြီဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) က ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် 5G ဆယ်လူလာဖုန်းအသုံးပြုသူ အရေအတွက်မှာလည်း မတ်လကုန်အထိ သန်း ၆၂၀ အထိ ရောက်ရှိပြီဖြစ်ကာ 5G signal ရရှိမှုမှာလည်း နိုင်ငံအတွင်းရှိ ခရိုင်အားလုံး လွှမ်းခြုံနိုင်ပြီဖြစ်ကြောင်း MIIT အရ သိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၌ 5G နည်းပညာများကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း MIIT က ဆိုသည်။
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ခန့်ဖြည့်တင်းကာ ၂၀၂၃ ခုနှစ် နှစ်မကုန်မီတွင် 5G အခြေစိုက်စခန်းအရေအတွက် ၂.၉ သန်းအထိ ရှိလာရန် စီစဉ်ထားခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Jin Zhuanglong က ယခုနှစ် မတ်လက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံတွင် 5G အခြေစိုက်စခန်း ၂.၆၄ သန်းကျော်ရှိ