ရှင်းကျန်းဒေသ၏ ဝါစိုက်ပျိုးရေးလုပ်ငန်းကြောင့် နာမည်ကျော်ကြားလာပြီး ယင်းဒေသသို့ နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်ရန် စိတ်အားထက်သန်လျက်ရှိ

2023-04-24 13:33:19
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ၏ အဓိကဝါစိုက်ပျိုးထုတ်လုပ်သည့် နေရာဖြစ်သော ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျယ်ပြန့်လှသော စိုက်ခင်းသည် စက်ကိရိယာသံများနှင့်အတူ ဝါဂွမ်းစိုက်ပျိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်သည်။

ရှင်းကျန်းဒေသတွင် ဝါစိုက်ပျိုးထုတ်လုပ်သည် အခြား ကမ္ဘာ့နိုင်ငံများအတွက် စံပြဖြစ်လာခဲ့ပြီး အခြားနိုင်ငံများ အထူးသဖြင့် အာဖရိက စသည့် ဒေသတွင်းနိုင်ငံများအတွက်လည်း သင်ယူလေ့လာစရာနေရာအဖြစ် ပံပိုးပေးလျက်ရှိကြောင်း ကင်ညာနိုင်ငံအခြေစိုက် နိုင်ငံတကာဆက်ဆံရေးပညာရှင် Cavince Adhere က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ အကြီးဆုံး ဝါဂွမ်းစိုက်ပျိုးသောဒေသဖြစ်သည့် ရှင်းကျန်းဒေသသည် ယခုအခါ နိုင်ငံရပ်ခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသော နေရာစာရင်း၌ ထိပ်ဆုံးနေရာ၌ ရပ်တည်လျက်ရှိသလို ယင်းဒေသသို့ လာရောက်ကြသူများကလည်း ဝါထုတ်လုပ်ရေးလုပ်ငန်းများကို စိတ်ဝင်စားလျက်ရှိကြကြောင်း ကျွမ်းကျင်သူက ဆိုသည်။ (Xinhua)

ရှင်းကျန်းဒေသ၏ ဝါစိုက်ပျိုးရေးလုပ်ငန်းကြောင့် နာမည်ကျော်ကြားလာပြီး ယင်းဒေသသို့ နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်ရန် စိတ်အားထက်သန်လျက်ရှိ