တရုတ်နိုင်ငံ ရွှေလီမြို့ နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းသည် ယာဉ်မတော်တဆမှုတွင် ဒဏ်ရာပြင်းထန်စွာရခဲ့သော မြန်မာနိုင်ငံသားများအတွက် အရေးပေါ်လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့

2023-04-25 19:17:06
အရင်းအမြစ်:瑞丽市融媒体中心

ဧပြီလ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ရွှေလီမြို့ နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းသည် အရေးပေါ်လမ်းကြောင်း ဖွင့်လှစ်ပြီး ယာဉ်တိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသားသုံးဦးကို တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဆေးကုသမှု ခံယူနိုင်ရန် ကူညီပေးခဲ့ကြောင်း ရွှေလီမြို့မီဒီယာစင်တာမှ သိရပါသည်။

၎င်းမြန်မာနိုင်ငံသားသုံးဦးတို့သည် ညဘက်ကားမောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းယာဉ်သည် ၁၀ မီတာကျော် နက်သော မြစ်ထဲသို့ ပြုတ်ကျ၍ အဆိုပါလူ ၃ ဦးတို့သည် ကျိုးပဲ့ဒဏ်ရာများ ပြင်းထန်စွာ ရရှိကာ အရေးပေါ် ကုသမှုခံယူရန် လိုအပ်ပြီး တရုတ်ပြည်ဝင်ခွင့် ပံ့ပိုးပေးရန် တောင်းဆိုကြောင်း ထိုနေ့နံနက် ၂ နာရီခန့်တွင် ရွှေလီမြို့ နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းက အကြောင်းကြားစာဖြင့် သတင်းရရှိခဲ့ပါသည်။

အဆိုပါအကြောင်းကြားစာ ရရှိပြီးနောက် ရွှေလီမြို့နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းသည် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်ကို အလျင်အမြန် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ မူဆယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အချိန်မီ ချိတ်ဆက်ကာ သက်ဆိုင်ရာ ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ခဲ့သည်။ လွှဲပြောင်းယာဉ်ရောက်ရှိမှုနှင့် ဒဏ်ရာရသူများ၏ အခြေအနေကို ကြိုတင်သိရှိပြီး ရွှေလီမြို့ အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့် နီးကပ်စွာ ဆက်သွယ်ပါသည်။ အရေးပေါ်ကယ်ဆယ်ရေး အတွေ့အကြုံများရှိသော လူဝင်မှုကြီးကြပ်ရေး ရဲဝန်ထမ်းများကို နယ်စပ်ဂိတ်သို့ စေလွှတ်ကာ လူနာတင်ယာဉ်ကို လမ်းညွှန်ပေးပါသည်။ မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးယာဉ်များရောက်ရှိလာပြီးနောက် ရွှေလီမြို့ နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းသည် ဒဏ်ရာရသူများနှင့် ၎င်းတို့၏ မိသားစုများအား သက်ဆိုင်ရာ ပြည်ဝင်လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါသည်။ ဒဏ်ရာရသူများကို လွှဲပြောင်းပေးရန် ဆေးဘက်ဆိုင်ရာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကယ်ဆယ်ရေးအတွက် အဖိုးတန်သောအချိန်များကို ဆုပ်ကိုင်ရရှိခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါဒဏ်ရာရရှိသူ သုံးဦးမှာ အသက်အန္တရာယ် ကင်းရှင်းကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံ ရွှေလီမြို့ နယ်စပ်လူဝင်မှုကြီးကြပ်ရေးစခန်းသည် ယာဉ်မတော်တဆမှုတွင် ဒဏ်ရာပြင်းထန်စွာရခဲ့သော မြန်မာနိုင်ငံသားများအတွက် အရေးပေါ်လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့