ယူနန်ပြည်နယ် ရွှေလီမြို့၏ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်း ထွန်းကားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိ

2023-04-25 19:22:11
အရင်းအမြစ်:新华社

တရုတ်-မြန်မာနယ်စပ်ရှိ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့သည် ကမ္ဘာ့ကျောက်စိမ်း၏ မူလထွက်ရှိရာနိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်နိုင်ငံ၏ အရေးကြီးသော ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းဖြန့်ဖြူးရေးစင်တာတစ်ခုဖြစ်ပါသည်။

ဒေသအစိုးရ၏ ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးမှုနှင့် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်းကွင်းဆက်သည် ပြီးပြည့်စုံမှုကြောင့် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းယဉ်ကျေးမှု အငွေ့အသက်များ အားကောင်းပါသည်။ ရွှေလီမြို့တွင် လမ်းမလမ်းငယ်များ၌ လမ်းလျှောက်ရာတွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် တရုတ်နိုင်ငံဒေသအသီးသီးတို့မှ ကျောက်မျက်ရတနာကုန်သည်များနှင့် ကျောက်စိမ်းကုန်သည်များကို တွေ့နိုင်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ရွှေလီမြို့တွင် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းတွင် လုပ်ကိုင်သည့် ဝန်ထမ်း ၇၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် လိုက်ဖ်လွှင့်အရောင်းဝန်ထမ်း ၄၀,၀၀၀ နီးပါး ပါဝင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း လိုက်ဖ်လွှင့်အရောင်းလုပ်ငန်းတစ်ခုတည်း၏ အရောင်းအဝယ်ပမာဏသည် ယွမ် ၁၀ ဘီလီယံကျော်ရှိပါသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ရွှေလီမြို့၏ အဓိကကျောက်မျက်ရတနာဈေးကွက်များသည် စည်းစနစ်ကျကျဖြင့် လုပ်ငန်းပြန်လည်စတင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောက်စိမ်းဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ ပထမသုံးလပတ်တွင် ရွှေလီမြို့ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း လိုက်ဖ်လွှင့်အရောင်းလုပ်ငန်း၏ အရောင်းအဝယ်ပမာဏသည် ယွမ် ၁.၆ ဘီလီယံ ကျော်လွန်သွားခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

ယူနန်ပြည်နယ် ရွှေလီမြို့၏ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်း ထွန်းကားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိ