တရုတ်နိုင်ငံ၏ အာကာသအောင်မြင်မှုများက လယ်ယာစိုက်ပျိုးရေးကို အသွင်ပြောင်းပေး

2023-04-25 19:25:04
အရင်းအမြစ်:新华社

တရုတ်နိုင်ငံက ဧပြီ ၂၄ ရက်၌ အာကာသနေ့ ကျင်းပခြင်းဖြင့် အာကာသ သိပ္ပံနှင့် နည်းပညာ၏ အရေးပါမှုနှင့် အကျိုးကျေးဇူးများကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ပြပွဲများ၊ သိပ္ပံပညာရပ်ဆိုင်ရာ ကျော်ကြားသောသင်ခန်းစာများ၊ အာကာသအသိပညာဗဟုသုတ ပြိုင်ပွဲများနှင့် ဆက်စပ်သော ဆွေးနွေးပွဲများ စသဖြင့် အစီအစဉ် ၄၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်း ကျင်းပခဲ့သည်။

လယ်ယာစိုက်ပျိုးရေးအဓိက နိုင်ငံဖြစ်သော တရုတ်နိုင်ငံဿည် ကုန်ထုတ်လုပ်မှု မြင့်တက်လာစေရန်နှင့် လယ်သမားများ၏ ဝင်ငွေ တိုးပွားလာစေရန် အာကာသနည်းပညာလုပ်ငန်း၏ အထောက်အကူပြုမှုဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အသွင်ပြောင်းလဲလျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရား ၁၀၀,၀၀၀ ကျော်ကို BDS အလိုအလျောက်မောင်းနှင်ခြင်းစနစ် တပ်ဆင်ထားခဲ့ပြီး ထွန်ယက်စိုက်ပျိုးခြင်း၊ စပါးပျိုးပင်စိုက်ပျိုးခြင်း၊ ပျိုးကြဲခြင်း၊ အပင်ကာကွယ်ခြင်း၊ ရိတ်သိမ်းခြင်း၊ ကောက်ရိုးပြုပြင်အသုံးပြုခြင်းနှင့် အခြောက်ခံခြင်း စသည့် လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လွှမ်းခြုံလျက်ရှိသည်။

ထို့ပြင် အာကာသစိုက်ပျိုးရေး လက်တွေ့စမ်းသပ်မှု ၃,၀၀၀ ကျော် ပြုလုပ်ပြီးနောက် အဓိက ဂျုံစေ့ပြောင်းစေ့အမျိုးအစား ၂၄၀ ကျော်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ မြက်နှင့် ပန်းအမျိုးအစား ၄၀၀ ကျော်ကို အများအပြား စိုက်ပျိုးရန်အတွက် နောက်ဆုံးခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။ (Xinhua)

ယူနန် Internet Content Provider လိုင်စင်အမှတ် ၀၉၀၀၂၄၄၁
ပံ့ပိုးလမ်းညွှန်ပေးသူ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန
ဦးစီးထုတ်ဝေသူ။ ။ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန
တာဝန်ယူ ဆောင်ရွက်သူ။ ။ ယူနန် နေ့စဥ်သတင်းစာအဖွဲ့
ကျွန်တော်တို့ ကွန်ရက်၏ မူပိုင်ခွင့်သည် Yunnan gateway မှ ပိုင်ဆိုင်ပြီး ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်းနှင့် ပုံတူကူးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ပါသည်။
Copyright ©yunnangateway.com All Rights Reserved since 2006