ကိုင်းကူးကိုင်းဆက် စက်ရုပ်ဖြင့် တစ်နာရီအတွင်း ဖရဲသီးပျိုးပင် ၁၅၀၀ စိုက်ပျိုးနိုင်ပြီး ၎င်း၏ ရှင်သန်နှုန်း ၉၈ ရာခိုင်နှုန်းကျော်ရှိ

2023-04-28 18:03:45
အရင်းအမြစ်:昌吉市融媒体中心

ရှင်ကျန်းလယ်ယာစိုက်ပျိုးရေးပြတိုက်တွင်ရှိသော စမတ်ဖန်လုံအိမ်တစ်ခုတွင် ဖရဲသီးပျိုးပင်နှင့် ဟင်းသီးဟင်းရွက်များ ကိုင်းကူးကိုင်းဆက် "စက်ရုပ်" တစ်လုံးသည် သိပ္ပံသုတေသီများ၏ ဆောင်ရွက်မှုအောက်တွင် ဖရဲသီးပျိုးပင် ၁၅၀၀ စိုက်ပျိုးနေပါသည်။

အဆိုပါစက်ရုပ်ဖြင့် ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် အဓိကအသုံးပြုကြောင်း ရှင်ကျန်းလယ်ယာ စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်းမှ နည်းပြဆရာ မဟိုင်ရှင်က ပြောကြားသည်။ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဖရဲ သခွားမွေးကဲ့သို့သော သီးနှံများကို ကိုင်းကူးကိုင်းဆက် စိုက်ပျိုးနိုင်ပြီး ၎င်း၏ အလုပ်တွင်ကျယ်မှုမှာ လူကိုယ်တိုင် စိုက်ပျိုးခြင်းထက် ၈ ဆခန့် ပိုမိုမြင့်မားသည်။ အကြီးမားဆုံး အားသာချက်မှာ ကုန်ကျစရိတ် သက်သာစေခြင်း၊ အလုပ်တွင်ကျယ်မှုမှု မြင့်မားခြင်းနှင့် အချိန်ကုန်သက်သာစေခြင်း ဖြစ်သည်။
အဆိုပါ ကိုင်းကူးကိုင်းဆက် စမတ်စက်ရုပ်သည် အရှည် ၁.၆ မီတာခန့်၊ အနံ ၁.၅ မီတာနှင့် အမြင့် ၁.၂ မီတာခန့်ရှိသည်။ မတူညီသော သီးနှံပျိုးပင်များ၏ ကိုင်းကူးကိုင်းဆက် စိုက်ပျိုးခင်းလိုအပ်ချက်အရ အော်ပရေတာသည် အလိုအလျောက် ကိုင်းကူးကိုင်းဆက် စိုက်ပျိုးခင်းနည်းပညာစည်းမျဉ်းများကို ချိန်ညှိနိုင်သည်။

"ပြီးခဲ့တဲ့နှစ်တုန်းကတော့ လောင်လုံးဟော် (Laolonghe) ဒေသမှာ တရုတ်မူ ၁၀၀ (တစ်တရုတ်မူသည် ၆၆၆.၆၇ စတုရန်းမီတာနှင့်ညီမျှသည်)ကို စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။ တောင်သူတွေ စိုက်ပျိုးတဲ့ ဖရဲသီးရဲ့ အထွက်နှုန်းမှာ ၁၅% ထက် ပိုတိုးလာပါတယ်။ အကျိုးသက်ရောက်မှုက အရမ်းကောင်းပါတယ်"ဟု ရှင်ကျန်းလယ်ယာစိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်း၏ ဥယျာဉ်သိပ္ပံနှင့်နည်းပညာဌာနခွဲမှ လက်ထောက်ဌာနမှူး ဝမ်ရှောက်ဖိန်က ပြောကြားပါသည်။ စက်ရုပ်ဖြင့် ကိုင်းကူးကိုင်းဆက်စိုက်ပျိုးခြင်းသည် တောင်သူလယ်သမားများကို နည်းပညာဖြင့် ကြွယ်ဝစေရုံသာမက ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးကာ ဖရဲသီးစိုက်ပျိုးလုပ်ငန်းအား ပိုမိုကောင်းမွန်စွာ ဖြစ်ထွန်းနိုင်စေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ .(ဆောင်းပါးအရင်းအမြစ် - ချမ်းကျီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

ကိုင်းကူးကိုင်းဆက် စက်ရုပ်ဖြင့် တစ်နာရီအတွင်း ဖရဲသီးပျိုးပင် ၁၅၀၀ စိုက်ပျိုးနိုင်ပြီး ၎င်း၏ ရှင်သန်နှုန်း ၉၈ ရာခိုင်နှုန်းကျော်ရှိ