ပထမဆုံးအကြိမ် လင်ချန်း - နိုင်ငံ(၁၀၀) မှ နိုင်ငံခြားမွေး တရုတ်လူမျိုးနှင့် နိုင်ငံခြားရောက် တရုတ်လူမျိုး တွေ့ဆုံပွဲ ကျင်းပ

2023-04-28 18:08:57
အရင်းအမြစ်:云南日报

ဧပြီလ ၂၄ ရက်နေ့တွင် ပထမဆုံးအကြိမ် လင်ချန်း- နိုင်ငံ(၁၀၀)) မှ နိုင်ငံခြားမွေး တရုတ်လူမျိုးနှင့် နိုင်ငံခြားရောက် တရုတ်လူမျိုး တွေ့ဆုံပွဲ (အောက်တွင် တွေ့ဆုံပွဲဟု ခေါ်ဝေါ်ပါသည်)ကို "တိုက်ကြီးငါးခု၏ နိုင်ငံ(၁၀၀)တို့အကြား ချစ်ကြည်ရင်းနှီးမှု လက်ဆင့်ကမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လက်ချင်းတွဲ" ဟူသော အဓိကခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့တွင် ဖွင့်လှစ်ကျင်းပခဲ့ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရပါသည်။

အဆိုပါတွေ့ဆုံပွဲသည် တရုတ်လက်ဖက်ရည်မြည်းစမ်းသုံးဆောင်ပွဲ၊ စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲ၊ လေ့လာလည်ပတ်မှု၊ အမျိုးသားယဉ်ကျေးမှုအနုပညာလေ့လာခြင်းနှင့် အားကစားပြိုင်ပွဲများအပါအဝင် လှုပ်ရှားမှု ၅ ခုကို ဧပြီလ ၂၇ ရက်အထိ စီစဉ်ပြုလုပ်ပါသည်။ တွေ့ဆုံပွဲသို့ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်၊ ဥရောပတိုက်နှင့် အိုရှင်နီယာတိုက်ရှိ နိုင်ငံ ၈၄ ခုနှင့် တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်ဒေသတို့မှ နိုင်ငံခြားမွေး တရုတ်လူမျိုးနှင့် နိုင်ငံခြားရောက် တရုတ်လူမျိုး ၂၂၄ ဦး တက်ရောက်ခဲ့ကြသည်။ ပွဲတက်ရောက်သည့် ဧည့်သည်များသည် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန်၊ အခွင့်အလမ်းများ မျှဝေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ဆွေးနွေးရန် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် စုရုံးကြသည်။

ထို့အပြင် အဆိုပါတွေ့ဆုံပွဲသည် "Baiqiaohui" ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပ်ကို အထူးဖန်တီးတည်ဆောက်ပြီး "တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာပြတင်းပေါက်" ဒေတာပလက်ဖောင်းကိုလည်း တည်ဆောက်ခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

ပထမဆုံးအကြိမ် လင်ချန်း - နိုင်ငံ(၁၀၀) မှ နိုင်ငံခြားမွေး တရုတ်လူမျိုးနှင့် နိုင်ငံခြားရောက် တရုတ်လူမျိုး တွေ့ဆုံပွဲ ကျင်းပ