ကမ္ဘာ့ ပထမဆုံး ကုန်းပြင်မြင့်တောင်တန်းဒေသစိုက် လက်ဖက်ရွက်ဆွတ်ခူးစက်ရုပ်သည် အင်တာနက်မပါသည့် ပတ်ဝန်းကျင်တွင် လက်ဖက်ရွက်များအား ခွဲခြားဆွတ်ခူးခြင်း ဖြစ်မြောက်နိုင်ခဲ့

2023-04-28 18:12:05
အရင်းအမြစ်:云南农业大学 七彩云端

၂၀၂၃ ခုနှစ် ဧပြီလတွင် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခဆရာမ ဝမ်းပိုင်ချွမ်မှ ဦးဆောင်သော ကုန်းပြင်မြင့်တောင်တန်းဒေသစိုက် လက်ဖက်ရွက်ဆွတ်ခူးသည့် ကမ္ဘာ့ပထမဆုံး စက်ရုပ်၏ ပထမအဆင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုပ်သည် ယူနန်ပြည်နယ်၏ အင်တာနက်မပါသည့် တောင်တန်းဒေသတွင် လတ်ဆတ်သော လက်ဖက်ရွက်များကို ဆွတ်ခူးခြင်းနှင့် လတ်ဆတ်သော လက်ဖက်ရွက်များကို ရွေးချယ်ခွဲခြားခြင်း၏ လုပ်ဆောင်ချက်များကို အောင်မြင်စွာဖြစ်မြောက်ခဲ့ပါသည်။

ကုန်းပြင်မြင့် တောင်တန်းဒေသစိုက် လက်ဖက်ရွက်ဆွတ်ခူးစက်ရုပ်ကို နောက်တဆင့် သုတေသနပြုလုပ်ရန်အတွက် ယူနန်ပြည်နယ်ရှိ လက်ဖက်ခြံများ၌ မြူထူသည့် အခြေအနေကို အခြေခံပြီး ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် စက်ရုပ်များကို ခွဲခြားပြီး အသိအမှတ်ပြုရခက်သည့် ပြဿနာကို ဖြေရှင်းရန်အတွက် သူမတို့အဖွဲ့သည် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါမောက္ခဆရာမ ဝမ်းပိုင်ချွမ်က ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်၊ Yunnan Radio and television station။ ဘာသာပြန် - Yunnan gateway)

ကမ္ဘာ့ ပထမဆုံး ကုန်းပြင်မြင့်တောင်တန်းဒေသစိုက် လက်ဖက်ရွက်ဆွတ်ခူးစက်ရုပ်သည် အင်တာနက်မပါသည့် ပတ်ဝန်းကျင်တွင် လက်ဖက်ရွက်များအား ခွဲခြားဆွတ်ခူးခြင်း ဖြစ်မြောက်နိုင်ခဲ့