ပေကျင်းမြို့တွင် အလုပ်သမားနေ့အားလပ်ရက်အတွင်း ခရီးသွားများက ကိုဗစ်မတိုင်မီကာလအခြေအနေထက် ပြန်လည်မြင့်တက်လာ

2023-05-05 18:18:50
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် မေ ၃ ရက်တွင်ကုန်ဆုံးသော အလုပ်သမားနေ့အားလပ်ရက်အတွင်း ခရီးသွားဧည့်သည်ပေါင်း ၉.၁ သန်းခန့်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၁၉၈.၂ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ် ဧည့်သည်ဝင်ရောက်ခဲ့သော ကိုဗစ်မတိုင်မီကာလအခြေအနေထက် ၆.၆ ရာခိုင်နှုန်း ပိုများကြောင်း မြို့တော်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငါးရက်တာ အားလပ်ရက်ကာလအတွင်း ပေကျင်းမြို့၏ ခရီးသွားလုပ်ငန်းများမှ စုစုပေါင်းဝင်ငွေသည် ယွမ် ၁၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံ) ရှိသည်။ ၎င်းမှာယမန်နှစ်ကထက် ၇၅၂.၃ ရာခိုင်နှုန်း ခုန်တက်ကာ ၂၀၁၉ ကိန်းဂဏန်းများထက် ၁၃.၉ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း သိရသည်။

ယင်းအားလပ်ရက်ရှည်ကာလများတွင် မြို့တော်အတွင်း လူတစ်ဦးချင်း၏ ခရီးသွားပျမ်းမျှအသုံးစရိတ်မှာ ၁,၄၇၄.၄ ယွမ်အထိတိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်က သုံးစွဲနိုင်မှုထက် ၆.၈ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

ပေကျင်းမြို့တွင်ယင်းအားလပ်ရက်ကာလအတွင်း ပြပွဲခန်းမပေါင်း ၁၆၆ ရုံတွင်လည်း ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းအမျိုးမျိုးဖြစ်သည့် ပြဇာတ်များ၊ အော်ပရာဇာတ်များ၊တေးဂီတဖျော်ဖြေပွဲများနှင့် ကလေးပြဇာတ်များအပါအဝင် ဖျော်ဖြေပွဲအစီအစဉ်ပေါင်း ၁,၄၇၃ ခုဖြင့် ခရီးသွားဧည့်သည ၄၅၀,၀၀၀ ခန့် ကို ဆွဲဆောင်နိုင်ခဲ့ပြီး လက်မှတ်ရောင်းအား ဝင်ငွေမှ ယွမ်၈၇.၃၈ သန်းရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်းမြို့တွင် အလုပ်သမားနေ့အားလပ်ရက်အတွင်း ခရီးသွားများက ကိုဗစ်မတိုင်မီကာလအခြေအနေထက် ပြန်လည်မြင့်တက်လာ