တစ်ချိန်က မျိုးသုဉ်းသွားခဲ့သော ဖရဲသီးမျိုးစိတ်ကို ပြန်လည်စိုက်ပျိုးကာ တစ်လုံးကို ၆၉ ယွမ်ဖြင့် ရောင်းချလျက်ရှိ

2023-05-10 13:13:16
အရင်းအမြစ်:周到客户端、浦东非遗、浦东发布

"အခုထိတော့ နွယ်ပင်မှာပေါက်နေတဲ့ ဖရဲသီး ၃,၀၀၀ ကို မခူးရသေးပါဘူး။" ယခုရက်ပိုင်းတွင် ချန်ကျီဖုန်းက အလုပ်များလျက်ရှိပါသည်။ တစ်နေ့လုံး၌ ဆွေမျိုးနှင့် သူငယ်ချင်းများက သူထံ ဖရဲသီးတစ်လုံး တောင်းရုံ ဖုန်းဆက်လာကြပါသည်။

ဤဖရဲသီးမျိုးစိတ်ကို "စန်းလင်ပိန့်ကွာ (Sanlin Benggua)" ဟုခေါ်ဝေါ်ပြီး လူသိများပါသည်။ ပါးပါးလေး လှီးဖြတ်လိုက်ခြင်းဖြင့် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်အဖြစ်သို့ ကွဲသွားနိုင်သည်။ Sanlin Benggua သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ထွက် ဖရဲသီးများအနက် "ဘိုးဘေး" ဖြစ်သည်ဟု ဆိုနိုင်သည်။ အစောဆုံး စိုက်ပျိုးချိန်မှာ မန်ချူးမင်းဆက်၏ ထုံးကျီ(Tongzhi) ခေတ်ကို ခြေရာခံနိုင်သည်။

Sanlin Benggua ဖရဲသီး၏ အခွံသည် သာမန်ဖရဲသီးထက် ပါးလွှာလွန်းပြီး အထူမှာ ၃ မီလီမီတာခန့်သာ ရှိကြောင်း ၊ ၎င်း၏ အခွံမှာ အလွန် ပါးလွှာသည့်အပြင် ဖရဲသီး၏ ရေဓာတ်ပါဝင်မှုလည်း အတော်လေး များပြားခြင်းကြောင့် ကွဲအက်လွယ်သည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ စားသုံးမှုအဆင့် တဖြည်းဖြည်း မြှင့်တင်လာသည်နှင့်အတူ ယင်းဖရဲသီးများကို ဝယ်ယူစားသုံးနိုင်သောအခါ Sanlin Benggua သည် တစ်ချိန်က “ပျောက်ကွယ်သွားသည်”ကို တွေ့ရှိခဲ့ကြောင်း ချန်ကျီဖုန်းက ဆက်လက်ပြောကြားပါသည်။

၂၀၀၇ ခုနှစ်တွင် ရှန်ဟိုင်းမြို့ ဖူးတုန်ဇုန်သစ်သည် "Sanlin Benggua" ကို ဒေသတွင်းရှိ ရိုးရာအမှတ်တံဆိပ် ပြန်လည်ဖြစ်ထွန်းရန် ပရောဂျက်တစ်ခုအဖြစ် တရားဝင် စာရင်းသွင်းခဲ့သည်။ "Sanlin Benggua"ကို ပြန်လည် စိုက်ပျိုးရန်အတွက် စန်းလင်မြို့နယ် အစိုးရသည် Sanlin Benggua အထူးစိုက်ပျိုးရေးအခြေစိုက်စခန်းကို တည်ဆောက်ပြီး Benggua ၏ မျိုးစေ့များကို တိုးတက်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးခဲ့သည်။

ကျွမ်းကျင်သူအဖွဲ့မှ မျိုးကွဲများကို ရွေးချယ်ပြုစုပျိုးထောင်ပြီးနောက် Sanlin Benggua သည် အစုလိုက် စိုက်ပျိုးခဲ့ပြီး ၎င်း၏ မူလထူးခြားကောင်းမွန်သော လက္ခဏာများကို ထိန်းသိမ်းထားပါသည်။ “Sanlin Benggua ကို စိုက်ပျိုးဖို့ တိုးတက်တဲ့ နည်းပညာလိုပါတယ်။ ဥပမာအားဖြင့် ရေနေအပင်တွေကို စိုက်ပျိုးပြီးတဲ့ မြေဆီလွှာ လိုအပ်ပြီး သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရကို ထိန်းသိမ်းထားရမယ်။ စိုက်ပျိုးရေးနည်းလမ်းမှားရင် လိုချင်တဲ့ အချိုဓာတ်ကို ရရှိဖို့ ခက်ခဲပါလိမ့်မယ်”ဟု ချန်ကျီဖုန်းက ပြောသည်။

    

ယခုမူ နည်းပညာအဆင့်များ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာသဖြင့် ဤဖရဲသီးကို ပို၍ အသေးစိတ် စိုက်ပျိုးလာပါသည်။ ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့တွင် "Sanlin Benggua စိုက်ပျိုးရေးနည်းပညာ" ကို တရုတ်နိုင်ငံ ဖူးတုန်ဇုန်သစ်၏ စတုတ္ထအသုတ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် ရွေးချယ်ခဲ့သည်။

လက်ရှိအချိန်တွင် Sanlin Benggua သည် အွန်လိုင်းမှတစ်ဆင့် အဓိကရောင်းချနေပါသည်။ အလုံး ၃၀ အထက်ကို ဝယ်ယူနိုင်ပါသည်။ တစ်လုံးလျှင် အလေးချိန် ၅ ကီလိုဂရမ်ခန့်ရှိပြီး ရောင်းဈေးမှာ ၆၉ ယွမ်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - ဖူးတုန်သတင်း။ ဘာသာပြန် - Yunnan gateway)

တစ်ချိန်က မျိုးသုဉ်းသွားခဲ့သော ဖရဲသီးမျိုးစိတ်ကို ပြန်လည်စိုက်ပျိုးကာ တစ်လုံးကို ၆၉ ယွမ်ဖြင့် ရောင်းချလျက်ရှိ