နို့စားနွားမွေးမြူရေးစခန်းတွင် အသုံးပြုနေသော စမတ်နည်းပညာ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ကန်းစုပြည်နယ် ဝူဝေးမြို့တွင် ခေတ်မီနို့စားနွားမွေးမြူရေးစခန်းတစ်ခု ရှိပါသည်။ ဤမွေးမြူရေးစခန်း၌ နို့စားနွားများသည် "အားကစားကော်လာ"များကို ဝတ်ဆင်ပြီးနောက် အသက်ရှုဒေတာ၊ အစားအစာစားသုံးမှုနှင့် လှုပ်ရှားသည့် ခြေလှမ်းအရေအတွက်စသည့် အချက်အလက်များကို အချိန်နှင့်တပြေးညီ လွှင့်တင်နိုင်ပါသည်။ တိရစ္ဆာန်ကုဆရာဝန်သည် နို့စားနွားတစ်ကောင်ချင်းစီ၏ နို့ထွက်ရှိမှုနှင့် ကျန်းမာရေး အခြေအနေတို့ကို အချိန်မရွေး သိစေခြင်းဖြင့် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာကို ချွေတာနိုင်ပါသည်။
၎င်းနို့စားနွားများသည် ထွန်းသစ်စ အီလက်ထရွန်နစ်နားကပ်ကို ဝတ်ဆင်ပြီးနောက် နို့စားနွားများအား ခွဲခြားခြင်းနှင့် စီမံခန့်ခွဲခြင်းကို ပိုမို အဆင်ပြေသည့် "ဒုတိယမျိုးဆက် ID ကတ်" ကဲ့သို့ပင်ဖြစ်ပါသည်။ ဤနေရာတွင် စမတ်ကိရိယာများကို အသုံးချသည့်အတွက် နို့စားနွားမွေးမြူရေးစီမံခန့်ခွဲမှု၏ စွမ်းဆောင်ရည်ကို များစွာ မြှင့်တင်စေပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)