ယူနက်စကို စာရင်းဝင် ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများအတွက် ပထမဆုံး နောက်ခံစစ်တမ်းကောက်ယူမှု ပြီးစီး

2023-05-16 19:04:08
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့ရှိ ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများ၏ ပထမဆုံး နောက်ခံစစ်တမ်းကောက်ယူမှု ပြီးစီးသွားပြီဖြစ်ကာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော ရှီးဟူရေကန်၌ ဂေဟဗေဒစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် သိပ္ပံနည်းလမ်းကျ တိုးတက်ရေးနည်းလမ်းကို လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်တမ်းကောက်ယူမှုအတွင်း သုတေသီများက အဆိုပါရေကန်အတွင်း ငါးကြင်းမြီးကွက် အပါအဝင် ငါးမိသားစု ၉ ခုနှင့် မျိုးစု ၂၈ ခု တွေ့ရှိခဲ့ကြောင်း စာရင်းအင်းများ၌ ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငါးမျိုးစိတ်များ၏ ပေါင်းစပ်ဖွဲ့စည်းမှုနှင့် မတူညီသော ငါးအမျိုးအစား အရေအတွက်နှင့် အလေးချိန်အချိုးအစား စသည်တို့ကို ဖော်ပြထားသည်။

အဆိုပါ ရေကန်သို့ ယခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၃ ရက်အထိ ကြာမြင့်သော မေဒေးအားလပ်ရက်အတွင်း ခရီးသွားဧည့်သည် ၂.၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ၂၀၁၉ ခုနှစ် အလားတူကာလထက် ၁၄.၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ရှီးဟူရေကန်ကို ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့သည်။ (Xinhua)

ယူနက်စကို စာရင်းဝင် ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများအတွက် ပထမဆုံး နောက်ခံစစ်တမ်းကောက်ယူမှု ပြီးစီး