ရှင်းကျန်း၏မုန့်ပြားယဉ်ကျေးမှုကိုလူများကပိုမိုသိရှိနိုင်ရန်မျှော်လင့်ပါသည်ဟုရှင်းကျန်းမုန့်ပြားဆရာတစ်ဦးဆို

2023-05-17 21:27:42
အရင်းအမြစ်:国际在线

ရှင်းကျန်းအနောက်တောင်ပိုင်းရှိKashgarမြို့တွင် ရှင်းကျန်းရိုးရာမုန့်ပြားဆိုင်တစ်ဆိုင်ရှိပြီး ယင်းဆိုင်သည် မုန့်ပြားကိုမျိုးဆက်လိုက် လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်သမိုင်းကြောင်းရှိပါသည်။ အသက် ၃၆ နှစ်အရွယ်ရှိသည့် ဝူမိုင်လ်ကျန်းသည် ယင်းဆိုင်၏ သတ္တမမျိုးဆက် အမွေဆက်ခံသူဖြစ်ပါသည်။ ယခုနှစ်များတွင် Kashgar မြို့၏ ရှုခင်းသာနေရာများကို ပြန်လည်ပြုပြင်လာသည်နှင့်အမျှခရီးသည်လည်း များပြားလာပြီး မုန့်ပြားဆိုင်၏ စီးပွားရေးလည်း ပိုမို ကောင်းမွန်လာပါသည်။ ခရီးသည်များသည် မုန့်ပြားကို လုပ်ရန် အခမဲ့ကိုယ်တိုင် ခံစားလုပ်ကိုင်နိုင်ပြီး မုန့်ပြားဆရာ၏ အကူအညီဖြင့် မုန့်ပြားကိုလည်း ကိုယ်တိုင်ဖုတ်နိုင်ပါသည်။ ဝူမိုင်လ်ကျန်းသည် ရှင်းကျန်း၏ မုန့်ပြားဆိုင်ရာယဉ်ကျေးမှုကို လူများ ပိုမိုသိရှိနိုင်ရန် မျှော်လင့်ပါသည်။

ရှင်းကျန်း၏မုန့်ပြားယဉ်ကျေးမှုကိုလူများကပိုမိုသိရှိနိုင်ရန်မျှော်လင့်ပါသည်ဟုရှင်းကျန်းမုန့်ပြားဆရာတစ်ဦးဆို