အလုပ်အကိုင်အသစ်ဖြစ်သည့် ဖရဲသီးများ ရွေးချယ်စစ်ဆေးရေးဆရာအဖြစ် လုပ်ကိုင်သူ ကျူကျောင်ကျောင်

2023-05-17 21:31:04
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ ဟော်နန်ပြည်နယ် ရှာယိခရိုင်သည် "ဖရဲသီး၏ မွေးရပ်မြေ" ဟု လူသိများပါသည်။ အဆိုပါဒေသတွင် ဖရဲသီးစိုက်ပျိုးရေးဧရိယာမှာ ၁၃,၃၃၃ ဟက်တာရှိပြီး နှစ်စဉ်အထွက်နှုန်းမှာ တန်ချိန် ၇ သိန်း ရှိကာ ဖရဲသီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁ သိန်းကျော်ရှိသည်။

နှစ်စဉ် မေလမှစတင်၍ အဆိုပါဒေသသည် ဖရဲသီးရောင်းချမှု အထွတ်အထိပ်ရာသီကို ရောက်ရှိလာသည်။ ရောင်းချသော ဖရဲသီးတိုင်း၏ အရည်အသွေး ကောင်းမွန်ကြောင်း အာမခံနိုင်ရန်အတွက် အီး-ကောမက်စ် ပလက်ဖောင်းရှိ ကုန်သည်များသည် ဒေသခံ အတွေ့အကြုံရှိသော တောင်သူများကို ဖရဲသီးစစ်ဆေးရေးဆရာများအဖြစ် ခန့်အပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းကြသည်။

ယခုနှစ်တွင် ၂၆ နှစ်အရွယ်ရှိသည့် ကျူကျောင်ကျောင်သည် ဖရဲသီးများ ရွေးချယ်စစ်ဆေးရေးဆရာ ဖြစ်လာသည်။ “စားသုံးသူတွေဟာ ဖရဲသီးကို ဝယ်တဲ့အခါမှာ ဖရဲသီးရဲ့ မျက်နှာပြင်ကို ကြည့်ရုံနဲ့ ဖရဲသီးက အရသာရှိမရှိ ပြောဖို့ ခက်ခဲပါတယ်။ ဖရဲသီးကောင်းမကောင်းဆိုတာကို ကြည့်ရှုတာ၊ ရိုက်စမ်းတာနဲ့ နားထောင်တာစတဲ့ ကဏ္ဍသုံးရပ်ကနေ အကဲဖြတ် စစ်ဆေးပြီး အရည်အသွေးပြည့်မီတဲ့ ဖရဲသီးတွေကို အီး-ကောမက်စ် ပလက်ဖောင်းတွေကတစ်ဆင့် တရုတ်နိုင်ငံတစ်ဝှမ်းလုံးသို့ ရောင်းချသွားမယ်”ဟု ကျူကျောင်ကျောင်က ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)

အလုပ်အကိုင်အသစ်ဖြစ်သည့် ဖရဲသီးများ ရွေးချယ်စစ်ဆေးရေးဆရာအဖြစ် လုပ်ကိုင်သူ ကျူကျောင်ကျောင်