ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀၀ မီတာကျော်ရှိ ကုန်းပြင်မြင့်၌ လျှစ်စစ်လိုင်းများ စစ်ဆေးမွမ်းမံပြုပြင်သော ဝန်ထမ်းများ

2023-06-05 20:34:25
အရင်းအမြစ်:新华社

မေလ လကုန်ပိုင်းတွင် “ကောင်းကင်ယံ လျှစ်စစ်လိုင်း”ဟု အခေါ်အဝေါ်ရှိသည့် ချင်းဟိုင်- ရှီးဇန့်(တိဘက်) လျှပ်စစ်ကွန်ရက် နှစ်ပတ်လည် စစ်ဆေး မွမ်းမံ ပြုပြင်ရေး လုပ်ငန်း စတင်ခဲ့ပြီး ဝန်ထမ်း အယောက် ၄၂၀ ကျော်တို့သည် ၁၅ ရက် အတွင်း ၆၀၈ ကီလိုမီတာ ရှည်လျားသော ဓါတ်အားပို့လိုင်းကို စစ်ဆေး မွမ်းမံပြုပြင်သွားမည် ဖြစ်ပါသည်။

ဝန်ထမ်းများသည် အောက်ဆီဂျင် နည်းပါးပြီး လွန်စွာ ချမ်းအေးသော ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀၀ ကျော် ဖြစ်သည့် ကုန်းပြင်မြင့်၌ စစ်ဆေး မွမ်းမံ ပြုပြင်ရေးများကို ပြုလုပ်ကာ “ကောင်းကင်ယံ လျှစ်စစ်လိုင်း”တွင် ထူးခြားသော ရှုခင်း တစ်ရပ် ဖြစ်လာပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀၀ မီတာကျော်ရှိ ကုန်းပြင်မြင့်၌ လျှစ်စစ်လိုင်းများ စစ်ဆေးမွမ်းမံပြုပြင်သော ဝန်ထမ်းများ