ခေတ်သစ်“တစ်မြစ်တည်းသံယောဇဥ်၊ တစ်မိသားစုမေတ္တာ”နိုင်ငံတကာ လူမှုနှင့် ယဥ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုကို ကူမင်းမြို့တွင် ကျင်းပခဲ့

2023-06-06 18:58:13
အရင်းအမြစ်:云南日报

မေလ ၃၁ ရက်နေ့တွင် ခေတ်သစ်“တစ်မြစ်တည်းသံယောဇဥ်၊ တစ်မိသားစုမေတ္တာ”နိုင်ငံတကာ လူမှုနှင့် ယဥ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရပါသည်။

အဆိုပါလှုပ်ရှားမှုတွင် ဖွင့်ပွဲအခမ်းအနား၊ “နေ့စဉ်ဆန်းသစ်မှုမှသည် အနာဂတ်ဆီသို့" လန်ချန်း-မဲခေါင် မီဒီယာအဖွဲ့များ၏ အယ်ဒီတာချုပ်များ ဆွေးနွေးပွဲစသည့် အစီအစဥ်များ ပါဝင်ပါသည်။ ၎င်းလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများမှ အစိုးရအရာရှိများ၊ ဝါရင့် သတင်းစာဆရာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် လူငယ် ၁၈၀ ကျော်တို့သည် နွေဦးမြို့ဟု ချီးမြှင့်ခေါ်ဆိုသော ကူမင်းမြို့တွင် ဆုံဆည်းကြပါသည်။ မီဒီယာပူးပေါင်းဆောင်ရွက်မှု၊ လှုမှုဖလှယ်ရေး၊ အနုပညာဆွေးနွေးပွဲ၊ ဒစ်ဂျစ်တယ်အခန်းကဏ္ဍမှ ပါဝင်ခြင်းစသည့် နယ်ပယ်များမှတစ်ဆင့် အတွေ့အကြုံများနှင့် အတွေးအခေါ်များကို မျှဝေပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ အေးအတူ ပူအမျှ ကံကြမ္မာတူအသိုက်အဝိုင်း တည်ဆောက်ရန် သဘောတူညီချက်များနှင့် ခွန်အားအသစ်များ ဆောင်ကြဥ်းပေးကြပါသည်။

 

လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိ နိုင်ငံ ၆ နိုင်ငံတို့သည် တောတောင်ရေမြေ ဆက်စပ်လျက်ရှိပြီး ယဥ်ကျေးမှု နီးစပ်သည့်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား စတင်လာသည့် ၇ နှစ်အတွင်းတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ရွှေစံနမူနာဖြစ်လာကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါစသည့် ခေါ်ဆိုမှုအမျိုးမျိုးကို ရင်ဆိုင်ရင်း ၎င်းနိုင်ငံ ၆ နိုင်ငံတို့သည် အပြန်အလှန် ထောက်ပံ့ကူညီကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစံနမူနာကို ဖန်တီးခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမို ကောင်းမွန်သော အနာဂတ်ကို ဖန်းတီးရန် အဖက်ဖက်တို့သည် ဖလှယ်ရေးလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းများကို တိုးချဲ့ခြင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါလှုပ်ရှားမှုပါဝင်တက်ရောက်သည့် ဧည့်သည်တော်များက သုံးသပ်ပြောကြားကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

ခေတ်သစ်“တစ်မြစ်တည်းသံယောဇဥ်၊ တစ်မိသားစုမေတ္တာ”နိုင်ငံတကာ လူမှုနှင့် ယဥ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုကို ကူမင်းမြို့တွင် ကျင်းပခဲ့