တရုတ်-မြန်မာ နယ်စပ်ရှိ မန်စီမြို့တွင် မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီး၏ မွှေးရနံ့ သင်းပျံ့လျက်ရှိ

2023-06-06 19:07:19
အရင်းအမြစ်:芒市融媒体中心

စိန်တစ်လုံးသရက်သီးများ ထွက်ရှိရာဒေသမှာ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ ဧပြီလကုန်မှစ၍ စျေးကွက်သို့ တင်ပို့ရောင်းချလာပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်ပြည်တွင်းသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

သဘာဝက ပေးစွမ်းသော ပထဝီတည်နေရာအားသာချက်ကြောင့် နှစ်စဥ် မေလတွင် တရုတ်-မြန်မာ နယ်စပ်ရှိ မန်စီမြို့၏ လမ်းကြီးလမ်းငယ်များ၌ စိန်တစ်လုံး သရက်သီးများကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ လက်ရှိအချိန်တွင် ပုံမှန်အားဖြင့် စိန်တစ်လုံးသရက်သီး ၅၀၀ ဂရမ်ကို တရုတ်ငွေ ၈ ယွမ် ဝန်းကျင် ရောင်းချလျက်ရှိပါသည်။ မန်စီ ရှောက်ကွမ်အထူးစတိုးဆိုင်ကြီးတွင် နေ့စဥ်နံနက်တိုင်းတွင် ဆိုင်ဝန်ထမ်းများသည် ထိုနေ့က အသစ်ရောက်ရှိလာသည့် အရည်အသွေးမြင့် စိန်တစ်လုံး သရက်သီးများကို ပြင်ပဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

"ကျွန်တော်တို့က အရည်အသွေးကောင်းတဲ့ အိတ်စွပ်သရက်သီးတွေကို ရောင်းပါတယ်။ လက်ကားဈေးကတော့ တစ်သေတ္တာကို ယွမ် ၁၇၀ မှ ၁၈၀ လောက်ရှိပါတယ်။ Taobao နဲ့ WeChat လိုမျိုး အွန်လိုင်းပလက်ဖောင်းတွေမှာ ရောင်းချတာတွေ ရှိပါတယ်။ လတ်ဆတ်မှုနဲ့ အချိန်မီ ပို့ဆောင်မှု သေချာစေဖို့အတွက် ပြင်ပဒေသတွေအားလုံးသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးပါတယ်”ဟု အဆိုပါဆိုင်မှ မန်နေဂျာ Qi Jinzao က ပြောကြားခဲ့သည်။ ယခုနှစ်တွင် စိန်တစ်လုံး သရက်သီးများ ရောင်းချမှု ပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဆမှ ၃ ဆအထိ တိုးလာကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စိန်တစ်လုံး သရက်သီးသည် မြန်မာနိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းတစ်ခုဖြစ်သော်လည်း မန်စီနယ်သူနယ်သားများအတွက် ထူးခြားသော အစားအသောက်နှင့် ယဉ်ကျေးမှုပုံစံအဖြစ် ရေးထိုးထားသကဲ့သို့ပင် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လှပသော "စီးပွားရေးကတ်" တစ်ခုလည်း ဖြစ်လာခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ရှိ မန်စီမြို့တွင် မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီး၏ မွှေးရနံ့ သင်းပျံ့လျက်ရှိ