တရုတ်ယူ-၂၀ အမျိုးသမီးအသင်း အုပ်စုပထမဖြင့် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအောင်မြင်

2023-06-16 22:47:30
အရင်းအမြစ်:新华社

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၁၀ ရက် ညနေပိုင်း၌ ကျင်းပရာ တရုတ်အသင်းက မြန်မာအသင်း ကို ၅-၀ ဂိုး ဖြင့် အနိုင်ရရှိပြီး ၂၀၂၄ အာရှဖလား၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ခြေစစ်ပွဲ ဒုတိယအဆင့်ကို အုပ်စုပထမဖြင့် အောင်မြင်ခဲ့သည်။ခြေစစ်ပွဲအုပ်စု B တွင် တရုတ်အသင်းက တရုတ် (တိုင်ပေ)အသင်း၊ နီပေါအသင်း၊ မြန်မာအသင်းတို့နှင့် ယှဉ်ပြိုင်ရာတွင် သုံးပွဲစလုံးအနိုင်ရရှိခဲ့ပြီး ရမှတ်ကိုးမှတ်ဖြင့် အုပ်စုပထမနေရာရရှိထားသည်။

ဇွန် ၁၀ ရက် ညနေတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ အိမ်ရှင်မြန်မာအသင်းနှင့် ကစားခဲ့သော ခြေစစ်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်တွင် တရုတ်အသင်းမှ ကွင်းလယ်ကစားသမား Lu Jiayu က ပွဲကစားချိန် ၈ မိနစ်၌ ပထမဂိုးကို သွင်းယူနိုင်ခဲ့သည်။
တရုတ်အသင်းအတွက် အခြားဂိုးလေးဂိုးကို ၃၆ မိနစ်တွင် Jiang Chenjing ၊ ၄၁ မိနစ်တွင် Huo Yuexin နှင့် ၆၉ မိနစ်နှင့် ၇၄ မိနစ်တွင် Zhao Xinyue တို့က အသီးသီးသွင်းယူခဲ့ကြသည်။

အုပ်စု (B)တွင် တရုတ် (တိုင်ပေ)အသင်းသည် ယနေ့ ညနေတွင်ကစားခဲ့သော ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် နီပေါအသင်းကို ၅-၀ နှင့် အနိုင်ရရှိပြီး တရုတ်အသင်းနှင့် အတူ ခြေစစ်ပွဲကို အောင်မြင်ခဲ့သည်။ တရုတ် (တိုင်ပေ) အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ် ၄ မှတ်ရရှိပြီး ခြေစစ်ပွဲအုပ်စု B တွင် အုပ်စုဒုတိယနေရာ ရရှိခဲ့သည်။

ခြေစစ်ပွဲအုပ်စု (A) တွင် သြစတြေးလျနှင့် ဗီယက်နမ် အသင်းတို့က ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲကို အောင်မြင်ခဲ့သည်။ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ရှစ်သင်း ပါဝင်မည်ဖြစ်သည်။ အဆိုပါအသင်းများတွင် ခြေစစ်ပွဲ အောင်မြင်ထားသော ဩစတြေးလျ၊ ဗီယက်နမ်၊ တရုတ်နှင့် တရုတ်(တိုင်ပေ) အသင်းတို့နှင့်အတူ 2019 AFC U-19 အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှ သုံးသင်းဖြစ်သည့် ဂျပန်၊မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အိမ်ရှင် ဥဇဘက်ကစ္စတန်တို့ ပါဝင်ကြသည်။၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘက်ကစ္စတန်နိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်မှ ၁၆ ရက် အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။ (Xinhua)

တရုတ်ယူ-၂၀ အမျိုးသမီးအသင်း အုပ်စုပထမဖြင့် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲအောင်မြင်