ဆိုလာပြားများ စနစ်တကျ စီရီထားသည့် ရင်ချွမ်းရှိ သဲကန္တာရ

2023-06-16 22:52:02
အရင်းအမြစ်:国际在线

နင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသည် တရုတ်ပြည် အနောက်မြောက် ကုန်တွင်းပိုင်းတွင် တည်ရှိပြီး လေစွမ်းအင်နှင့် နေစွမ်းအင် အရင်းအမြစ် ပေါ်ကြွယ်ဝပါသည်။ တရုတ်ပြည်တွင် ပထမ အသုတ် အဖြစ် ဂိုဘီသဲကန္တာရနှင့် သဲကန္တာရ ဒေသများတွင် အကြီးစား လေစွမ်းအင်နှင့် နေစွမ်းအင် အခြေစိုက် စခန်း တည်ဆောက်မှု အရှိန်မြှင့် တွန်းအားပေးလာသည်နှင့် အမျှ နင်ရှတွင် စွမ်းအင်သစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု ပမာဏသည် ဆက်တိုက် တိုးပွားလာပါသည်။ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်း အထိ စွမ်းအင်သစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက် တပ်ဆင်မှု ပမာဏ၏ အချိုးအစားသည် ရာခိုင်နှုန်း ၅၀ကျော် ရှိပြီး နင်ရှ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုတွင် အများဆုံး အသုံးပြုသည့် စွမ်းအင် ဖြစ်လာပါသည်။

ဆိုလာပြားများ စနစ်တကျ စီရီထားသည့် ရင်ချွမ်းရှိ သဲကန္တာရ