ဟန်ကျိုး အာရှ အားကစား ပွဲတော် ပြင်ဆင်ရေး လုပ်ငန်းနောက်ဆုံး အဆင့်သို့ ရောက်ရှိ

2023-06-16 22:55:50
အရင်းအမြစ်:国际在线

၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်သည် ယခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တရုတ်ပြည် အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် နင်ပို၊ ဝင်းကျိုး၊ ကျင်းဟွာ၊ ရှောက်ရှင်း၊ ဟူကျိုး အပါအဝင် အခြား မြို့ ၅ မြို့လည်း ပါဝင်ကူညီကျင်းပမည် ဖြစ်ပါသည်။ ယခုလ ၁၅ရက်နေ့သည် ဟန်ကျိုး အာရှ အားကစားပွဲတော် ကျင်းပရန် ရက် ၁၀၀ သာလိုတော့သည့် အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ပွဲတော် ကျင်းပမည့် အားကစားကွင်းနှင့် အားကစားရုံ ၅၆ခုစလုံး၏ ပြိုင်ပွဲ ကျင်းပရန် စွမ်းဆောင်နိုင်မှုဆိုင်ရာ စစ်ဆေးမှု ကို လက်ခံဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ အားကစားပြိုင်ပွဲများ ကျင်းပရာနေရာ အားလုံးသည် ပြိုင်ပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပါသည်။

ဟန်ကျိုး အာရှ အားကစား ပွဲတော် ပြင်ဆင်ရေး လုပ်ငန်းနောက်ဆုံး အဆင့်သို့ ရောက်ရှိ