တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်အကျိုးရရှိစေရေး တိုးချဲ့ဆောင်ရွက် ရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-06-20 11:42:47
အရင်းအမြစ်:国际在线

ဇွန်လ ၁၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုနှစ်သည် သမ္မတ ရှီကျင့်ဖိန်က ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန် တင်ပြချက်ကို အဆိုပြုခဲ့သည့် ၁၀နှစ်ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် Belt and Road အဆိုပြုချက်နှင့် အာဆီယံအပြန်အလှန် ဆက်သွယ်ရေး အထွေထွေစီမံကိန်း(၂၀၂၅)အကြား ချိတ်ဆက်မှုကို ဆက်လက်နက်ရှိုင်းစေ ပြီး နှစ်ဦးနှစ်ဖက်အကြား ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းကာ Belt and Road ကို အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက်ပြီး အဆင့်အတန်းပိုမိုမြင့်မားသော အပြန်အလှန်ဆက်သွယ်ရေးကို အကောင်အထည်ဖော်ရန်၊ တရုတ်-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှု အပြန်အလှန်အကျိုးရရှိစေရေး တိုးချဲ့ဆောင်ရွက်ရန်၊ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို အဆက်မပြတ် နက်ရှိုင်းစေရန်၊ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန်အကျိုးရရှိစေရေး တိုးချဲ့ဆောင်ရွက် ရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို