ချင်ကမ်းသည် ဘလင်ကန် နှင့် တွေ့ဆုံဆွေးနွေး

2023-06-20 11:47:35
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကမ်း သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် ဇွန်လ ၁၈ရက်နေ့က ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ချင်ကမ်းက လက်ရှိအချိန်တွင် တရုတ်-အမေရိကန်ဆက်ဆံမှုသည် နှစ်နိုင်ငံသံအဆက်အသွယ် ထားရှိပြီးနောက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း၊ ၎င်းမှာ နှစ်နိုင်ငံပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် မကိုက်ညီ ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်နှင့်လည်း မကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပေါ် ထားရှိသော မူဝါဒသည် တစ်ဆက်တည်း ဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားလျက်ရှိပြီး သမ္မတ ရှီကျင့်ဖိန် မှ အဆိုပြုခဲ့သည့် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရရှိစေခြင်းဟူသော မူများကို လိုက်နာကျင့်သုံး လျက်ရှိကြောင်း၊ ၎င်းမှာ နှစ်ဦးနှစ်ဖက်တို့မှ အတူတကွစွဲကိုင်ထားသင့်သော စိတ်ဓာတ်၊ အတူတကွစောင့်ရှောက်သင့်သော အခြေခံလိုင်းနှင့် အတူတကွရှာကြံသင့်သော ရည်ရွယ်ချက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင် ကာ အပြုသဘောဆောင်သော တရုတ်-အမေရိကန်ဆက်ဆံမှုကို ထားရှိရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံအပေါ် ပကတိကျဆင်ခြင် နားလည်သော သဘောထားကို စွဲကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ တူညီသော ရည်မှန်းချက်အတိုင်း ကြိုးပမ်းဆောင်ရွက်ကာ တရုတ်-အမေရိကန်ဆက်ဆံမှု၏ နိုင်ငံရေး အခြေခံအုတ်မြစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို အေးဆေးတည်ငြိမ်စွာ၊ ပရော်ဖက်ရှင်နယ်ကျစွာ၊ ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် သမ္မတ ရှီကျင့်ဖိန် နှင့် သမ္မတ ဂျိုး-ဘိုင်ဒန်တို့မှ ဘာလီကျွန်းတွင် တွေ့ဆုံဆွေးနွေးရာတွင် ရရှိခဲ့သည့် သဘောတူညီမှုများကို ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီး တရုတ်-အမေရိကန်ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာစေရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ချင်ကမ်းသည် ထိုင်ဝမ်စသည့် တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားနှင့် အာရုံစိုက်မှုများ နှင့်ပတ်သက်၍ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြပြီး ရှင်းလင်းပြတ်သားသော တောင်းဆိုချက်များကို ဖော်ပြခဲ့ပါသည်။ ချင်ကမ်းက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားများတွင် အမြုတေ ဖြစ်ကြောင်း၊ တရုတ်- အမေရိကန်ဆက်ဆံမှုတွင် အရေးအကြီးဆုံးသောကိစ္စ ဖြစ်သကဲ့သို့ အထင်ရှားဆုံးသော အန္တရာယ်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း၃ခုကို လိုက်နာကျင့်သုံးပြီး ထိုင်ဝမ်သီးခြား တည်ရှိရေးကို မထောက်ခံသည့် ကတိပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-အမေရိကန်ဆက်ဆံမှုနှင့် သက်ဆိုင်ရာအရေးကြီး ပြဿနာ များ နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ၊ နက်ရှိုင်းစွာ၊ အပြုသဘောဆောင်စွာ အချိန်ကြာ ဆွေးနွေးခဲ့ကြပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် အတူအလေးထားကြသော နိုင်ငံတကာနှင့်ဒေသတွင်းပြဿနာများ နှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

ချင်ကမ်းသည် ဘလင်ကန် နှင့် တွေ့ဆုံဆွေးနွေး