လီချန်သည် ဂျာမဏီသမ္မတ Steinmeier နှင့် တွေ့ဆုံနှုတ်ဆက်

2023-06-21 13:47:03
အရင်းအမြစ်:国际在线

တရုတ်ဝန်ကြီးချုပ်လီချန်က တရုတ်နိုင်ငံသည် ဂျာမဏီနိုင်ငံ၏အခန်းဏ္ဍကို အလေးထားကြောင်း၊ ဂျာမဏီဘက်နှင့်အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို စွဲကိုင်ပြီး တစ်ကမ္ဘာလုံး၏ တည်ငြိမ်မှုနှင့် သာယာဝပြောမှုအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ ပြောင်းလဲနေပြီး ရှုပ်ထွေးသော ကမ္ဘာအတွက် ပိုမိုများပြားသော သေချာမှုများကို ဖော်ဆောင်ပေးရန် လက်တွဲ ကြိုးပမ်းလိုကြောင်း ၁၉ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ ဂျာမဏီသမ္မတ Steinmeierနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ပြောကြားခဲ့ပါသည်။

လီချန်က တရုတ်နိုင်ငံသည် တရုတ်-ဂျာမဏီဆက်ဆံရေးကို အလွန်အလေးထား ကြောင်း၊ ယခုအကြိမ် ဂျာမဏီခရီးစဉ်နှင့် သတ္တမအကြိမ်မြောက် တရုတ်-ဂျာမဏီအစိုးရများ ဆွေးနွေးပွဲကို ဝန်ကြီးချုပ် Scholz နှင့် ပူးပေါင်းကြီးမှူးကျင်းပခြင်းသည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအခွင့်ကောင်းကို ဖော်ထုတ်ရှာဖွေရန်နှင့် တရုတ်-ဂျာမဏီ ဘက်ပေါင်းစုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး၏အနှစ်သာရကို တိုးပွားစေရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Steinmeier က ဂျာမဏီနိုင်ငံသည် တရုတ်နိုင်ငံ၏ ယုံကြည်နိုင်ဖွယ်ရာ ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ပြီး ကုန်သွယ်ရေး လွတ်လပ်မှုကို အတူထိန်းသိမ်း၍ ရာသီဥတု ပြောင်းလဲမှုစသောစိန်ခေါ်မှုများကို အတူရင်ဆိုင်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ဂျာမဏီဘက်သည် ဆက်ဆံရေး ဖြတ်တောက်မှု နှင့် အုပ်စုများအကြား ရန်ဘက်ပြုမှုကို ဆန့်ကျင်ပြီး တရုတ်ဘက်နှင့် အားဖြည့် ကူးလူးဖလှယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို တိုးမြှင့်ရန်အတွက် အတူကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

လီချန်သည် ဂျာမဏီသမ္မတ Steinmeier နှင့် တွေ့ဆုံနှုတ်ဆက်