တရုတ်ပြည်တွင်းပြည်ပမှ ပညာရှင်များသည် ကူမင်းမြို့တွင် ဆုံဆည်းကာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံတို့၏ လူမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြ

2023-06-26 17:00:01
အရင်းအမြစ်:云南日报

ဇွန်လ ၂၁ ရက်နေ့တွင် “ချမ်းမြေ့သာယာမှု အတူတကွ မျှဝေ၊ အပြည်ပြည်ဆိုင်ရာ လူမှုဖလှယ်ရေးခေတ်သစ်ကို ဖွင့်လှစ်” ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်-အိန္ဒိယ လူမှုယဥ်ကျေးမှု ဖလှယ်ရေးဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဖိုရမ်တွင် တရုတ်ပြည်တွင်းပြည်ပမှ တက္ကသိုလ်ကျောင်းအုပ်ကြီးများ၊ Think Tank ပညာရှင်များနှင့် တက္ကသိုလ်ကျောင်းများမှ ပညာရှင်များစသည့် ပုဂ္ဂိုလ်တို့သည် တရုတ်နိုင်ငံ၏ ယောဂပညာရပ်တည်ဆောက်မှုနှင့် လူတော်လူချွန်များ မွေးထုတ်မှု၊ တရုတ်-အိန္ဒိယဆက်ဆံရေးနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံတို့သည် ပြည်သူအချင်းချင်း ဆက်ဆံရေးကို မည်ကဲ့သို့ မြှင့်တင်နိုင်သနည်းစသည့် ခေါင်းစဉ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

တရုတ်ပြည်တွင်းပြည်ပမှ ပညာရှင်များသည် ကူမင်းမြို့တွင် ဆုံဆည်းကာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံတို့၏ လူမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြ