သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ(CIIE)သည် ကူမင်းမြို့တွင် ပါဝင်ပြသမည့် ကုန်သည်များ ဖိတ်ခေါ်ခြင်း စတင်ဆောင်ရွက်ပြီး လုပ်ငန်းအဖွဲ့ ၂၅ ခုတို့သည် စာချုပ် လက်မှတ်ရေးထိုးခဲ့ကြ

2023-06-26 17:01:37
အရင်းအမြစ်:云南日报

၂၀၂၄ ခုနှစ် သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ(CIIE)တွင် ပါဝင်ပြသမည့် ကုန်သည်များ ဖိတ်ခေါ်ခြင်းနှင့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို “CIIE ယူနန်သို့ လှမ်းချီ”လှုပ်ရှားမှုကျင်းပသည့်ကာလအတွင်း ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် လုပ်ငန်းအဖွဲ့ ၂၅ ခုသည် သတ္တမအကြိမ်မြောက် CIIE ပါဝင်ပြသမည့် စာချုပ် (သို့) ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်အရ ပါဝင်ပြသမည့် ဧရိယာမှာ စတုရန်းမီတာ ၁၀၀၀၀ နီးပါးရှိပါသည်။ ၎င်းလုပ်ငန်းအဖွဲ့များသည် ယခင်နှစ် နိုဝင်ဘာလက ကျင်းပသည့် ဆဌမအကြိမ်မြောက် CIIE ၌ ပါဝင်ပြသခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် သတ္တမအကြိမ်မြောက် CIIE ၏ ပြသနေရာများကိုလည်း ကြိုတင်မှာယူထားကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ(CIIE)သည် ကူမင်းမြို့တွင် ပါဝင်ပြသမည့် ကုန်သည်များ ဖိတ်ခေါ်ခြင်း စတင်ဆောင်ရွက်ပြီး လုပ်ငန်းအဖွဲ့ ၂၅ ခုတို့သည် စာချုပ် လက်မှတ်ရေးထိုးခဲ့ကြ