“သက်တံဖရဲသီး” စားဖူးသလား၊ ဘယ်ဈေးနဲ့ရောင်းချနေသနည်း

2023-06-26 17:14:48
အရင်းအမြစ်:南国早报

မကြာသေးမီက တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၏ သစ်သီးဆိုင် တစ်ဆိုင်တွင် လိမ္မော်ရောင် ဖရဲသီးတစ်မျိုးသည် စားသုံးသူတို့၏ အာရုံစိုက်မှုကို ဖမ်းစားခဲ့ပါသည်။ အနီးကပ် စစ်ဆေးကြည့်ရာတွင် ၎င်းဖရဲသီး၏ အဝါရောင်အသားထဲတွင် အနီရောင် အနည်းငယ် ပြေးသွားပါသည်။

"ဒါက ဒီနှစ်မှာ ထွက်တဲ့ သက်တံဖရဲသီးပါ။ အသစ် စိုက်ပျိုးတဲ့ ဖရဲသီးအမျိုးအစားပါ။ ၎င်းရဲ့ အသားဖတ်က ခပ်ပွပွပါ။ အချို့စားသုံးသူတွေက အရမ်းကြိုက်ပါတယ်”ဟု အဆိုပါဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါသည်။ ဤအသုတ် ဖရဲသီးများသည် ဟူပေပြည်နယ်မှ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး အနီရောင်၊ အဝါရောင်နှင့် လိမ္မော်ရောင်စသည့် အရောင်သုံးမျိုးရှိသော ဖရဲသီးဖြစ်ကြောင်း၊ ဖရဲသီး၏ အပိုင်းအရောင်သည် တစ်ပြေးညီဖြစ်ပြီး တောက်ပကြောင်း၊ တစ်ကီလိုဂရမ်လျှင် ၁၈ ယွမ်ဖြင့် ရောင်းချကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ဤသက်တံဖရဲသီးသည် တရုတ်နိုင်ငံရှိ အချို့သောမြို့ပြများတွင် အထူးစိုက်ပျိုးထားသော ဖရဲသီးတစ်မျိုးဖြစ်ပါသည်။ အသားအဝါရောင်ဖရဲသီးနှင့် အသားအနီရောင်ဖရဲသီးများအား မျိုးကူးစပ်ပေးကာ စိုက်ပျိုးပြီးနောက် ရရှိလာသော အမျိုးအစားအသစ်ဖြစ်ပါသည်။ အဓိကအားဖြင့် ၎င်းဖရဲသီး၏ ပုံသဏ္ဍာန် အမျိုးမျိုးရှိပါသည်။ အသားအရောင်လည်း ကွဲပြားပါသည်။ အသားအနီရောင်ဖရဲသီးနှင့်နှိုင်းယှဉ်ပါက သက်တံဖရဲသီး၏ မွှေးရနံ့ ပြင်းကာ lutein၊ carotene စသည်တို့ပါဝင်မှု ပိုများပြီး အသားအရောင်မှာလည်း ပိုမို ပေါများကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - Nanguo Morning Paper ။ ဘာသာပြန် - Yunnan gateway)

“သက်တံဖရဲသီး” စားဖူးသလား၊ ဘယ်ဈေးနဲ့ရောင်းချနေသနည်း